"သားရေ....သားသူငယ်ချင်းတွေ ရောက်လာပြီ..
မြန်မြန်ဆင်းခဲ့တော့.."အောက်ထပ်မှ ommaရဲ့ အော်သံကြောင့် အင်္ကျီကြယ်သီးကို ကမန်းကတန်းတပ်လိုက်ကာ...
မှန်ထဲမှကိုယ့်မျက်နှာကို ပြန်ကြည့်ပြီး ဆံပင်အုပ်အုပ် အနက်ရောင်လေးကို ဘီးလေးနဲ့ သေချာပြန်ဖြီးပြီး...
ခုံပေါ်က ဖုန်းကိုယူကာ...အခန်းထဲမှ ထွက်လာခဲ့တယ်
ကျန်ခဲ့တဲ့...အခန်းလေးရဲ့ ကုတင်ပေါ်မှာတော့..
အဝတ်အစားပုံကြီးမှာ...ပေပွလျက်....."JiHoonရယ်....
ကြာတာ မင်းကလည်း...
အဲ့လောက်လည်း ပြင်ဆင်စရာမလိုပါဘူးကွာ"ဧည့်ခန်း Sofaတွင်ထိုင်နေသော Sung Woonရဲ့အပြောကို....JiHoonက နှာခေါင်းရှုံ့ပြလျက်....
"လိုတယ်ကွ...ဘာသိလို့လည်း မင်းက...
ဒီညနေ Dinnerပွဲမှာ..ငါတို့ပဲ ဆိုပေမယ့်...
ကိုကိုလာအီရဲ့ မိဘတွေလည်းလာမှာလေ...ဟီး"သွားအဖြီးသားနဲ့ ပြောနေတဲ့ JiHoonရဲ့ ဆံပင်အရောင်ကို ဟိုနှစ်ယောက်က သတိထားမိပြီး
DaeHwiက..."အောင်မလေး....ပက်ပုတို့...ပြောင်းလဲနေပါလား?
Hair Colourတွေဘာတွေချိန်းလို့်နော်...
အတန်းပိုင်ဆရာက...အရောင်ပြန်ဆိုးဖို့ ပြောတုန်းကတောင်...ဘူးခံငြင်းတဲ့ကောင်က..."ထိုသို့ပြောတော့ မီးဖိုထဲမှ ဇွန်းခွက်ကြီးကိုင်လျက် ထွက်လာသော Ji's ommaက...
"အဲ့တာပဲ...အဲ့ကောင်လေးက...
တစ်ချိန်လုံး..ကိုကိုလာအီပဲလုပ်နေတာ..
ဟိုတစ်နေ့ကပြောသေးတယ်...
'Ommaရယ်...သား ကိုကိုလာအီအိမ်မှာ
သွားနေချင်တယ်'တဲ့'လေ..."Ji's Ommaအပြောကို စာထိုင်ဖတ်နေသော
Ji's appaက...."ဟုတ်တယ်သားတို့ရေ...
အဲ့တာနဲ့...အန်ကယ်က...
'သွားနေချင်နေ...
အမွေပြတ်ပဲ'ဆိုတော့...
'Ommaနဲ့appaကို ပစ်မထားရက်လို့
သွားမနေတော့ပါဘူး'တဲ့လေ...
တကယ် ကလေးဆိုးလေးပါကွာ..."JiHoonမိဘတွေ အပြောကို အူလှိုက်သည်းလှိုက် ရယ်နေကြသော သူငယ်ချင်းနှစ်ယောက်ကို ပုခုံးအား ဖြန်းခနဲ ဆော်လိုက်ရင်း...သူတို့နှစ်ယောက်ရဲ့ခေါင်းတွေကို လက်မောင်းအောက်လျိုသွင်းကာ ညှပ်လိုက်ရင်း...