Danielနဲ့ Seong Wuတို့နှစ်ယောက်...
မနက်8နာရီလောက်ထဲက ဆေးရုံကနေ ခွင့်ပြုချက်ယူပြီး ကမ်းစပ်ဘက်က ရွာငယ်လေးတွေဆီ စက်ဘီးလေးစီးကာ ထွက်လာခဲ့ကြတယ်...နှစ်ယောက်စလုံး Duty Coatတွေ ဝတ်ထားကြပြီး
စက်ဘီးနင်းသူက Daniel..အနောက်ကနေ ဆေးလွယ်အိတ်လွယ် ဆေးအိတ်ကိုင်လိုက်လာသူက
Seong Wuပေါ့.နာရီဝက်လောက်ခန့် စက်ဘီးနင်းလာလိုက်တော့..
ရွာငယ်လေးတစ်ခုစီ ရောက်လာခဲ့တယ်...သူတို့နှစ်ယောက် စက်ဘီးလေးတွန်းကာ ရွာထဲဝင်လာခဲ့ကြတယ်...
ရွာလေးဟာ...တိတ်တိတ်ဆိတ်ဆိတ်ရှိပြီး...
လူငယ်တွေထက် အဘိုးအဘွားတွေသာ အနေများကြတယ်...ရွာထဲရောက်တာနဲ့ စစတွေ့ချင်း အိမ်လေးကိုဝင်လိုက်တော့ အဘိုးတစ်ယောက်က အိမ်ရှေ့ကွပ်ပျစ်လေးပေါ်မှာ ထမင်းစားနေလေတယ်..
သူတို့နှစ်ယောက်ကို မြင်တော့...အဘိုးက ထလာပြီး ပြေးကြိုတယ်...
"အို...ဆရာဝန်လေးတွေ လာတာပါလား?
ဝင်ခဲ့ပါ ဆရာလေးတို့ရေ.. အဘတို့ရွာကို ခုလို ဆေးအဖွဲ့တွေမလာတာတောင် ကြာရော့ပြီကွယ်"သူတို့နှစ်ယောက်လည်း ကွပ်ပျစ်လေးတွင် ဝင်ထိုင်လိုက်ရင်း Danielကပဲ စကားစလိုက်တယ်..
"အဘ...ဒီရွာမှာလေ...
သက်ကြီးရွယ်အိုတွေပဲ ရှိတာလားဗျ..
အဘတို့က တစ်ယောက်တည်း နေကြတာလား?
သားသမီးတွေရော...?""ဆရာဝန်လေးရယ်...
ဆရာဝန်လေးပြောသလိုပဲ...
အဘတို့လို သူတွေသာ ရှိကြတာပါကွယ်..
သားသမီးတွေကတော့ Seoulမှာ အလုပ်သွားလုပ်ကြတယ်လေ...
တစ်လတစ်ခါ ပိုက်ဆံတော့ ပို့ပါရဲ့...
တစ်ခါလေးတောင် ပြန်မလာကြပါဘူးကွယ်..."အဘရဲ့ စကားကြောင့် Danielနဲ့ Seong Wu
စိတ်မကောင်းဖြစ်ရပြန်တယ်...."ဆရာဝန်လေးတို့...ဆေးလာကုပေးကြတာမလား?
တစ်အိမ်ထွက် တစ်အိမ်ဆင်း လိုက်ကုနေရရင် မောနေပါ့မယ်...အဘ ရွာထဲက စုဝေးရာဇရပ်လေးကို အားလုံးကို လာခိုင်းလိုက်မယ်နော်... အဘလိုက်ခေါ်လိုက်မယ် ဆရာလေးတို့ အဲ့မှာ သွားစောင့်နေကြနော်..."