"Aiyaaa.......!"
"ဘုန်း!"
JiHoon သူ့ကျောပေါ်က Kuan Linအား
အိမ်ရှေ့sofaပေါ်သို့ ဘုန်းခနဲ ပစ်ချလိုက်ပြီး နာကျင်သွားသော ကျောပြင်အား လက်သီးဆုပ်လေးဖြင့် ထုနေရင်းမှ..."ဘယ်လိုလောရှည်ကောင်လည်း....
လူကြည့်တော့ဖြင့် အရိုးချည်း..
ကျောပိုးကြည့်မှ အလေးကြီး..."ပါးစပ်မှလည်း ပွစိပွစိ လုပ်နေရင်း ကျောကုန်းကိုလည်း လက်သီးဆုပ်လေးဖြင့် ထုနေကာ
လက်တစ်ဖက်မှ အထုပ်များကို စားပွဲပေါ်လှမ်းတင်နေတယ်...."ဟဲ့...အဲ့တာ ဘယ်သူလဲ...JiHoon"
မီးဖိုချောင်ကနေ ထွက်လာတဲ့ommaဖြစ်သူရဲ့ အမေးကို ပြန်ဖြေရန် မျက်နှာကို အနည်းငယ် ရှုံ့မဲ့လိုက်ကာ...နှုတ်ခမ်းလေးဆူရင်း...
"Ommaရယ်...အဲ့တာstalkerလေ...
ကျွန်တော်ထင်တာတော့ စိတ္တဇလူသတ်သမား
ဖြစ်မယ်ထင်တယ်"သူထင်ရာမြင်ရာကို နှုတ်ခမ်းတထော်ထော်ဖြင့်
ရှင်းပြနေသော သားဖြစ်သူရဲ့ စကားကို နားမထောင်ဘဲ
Sofaနားသွားကာ မျက်နှာကို ငုံ့ကြည့်လိုက်တော့.."အားးးးးး....!"
"ဘာ...ဘာဖြစ်လို့လဲ omma.."
ရုတ်ချည်းထအော်လိုက်တဲ့ အမေဖြစ်သူအနား
အလန့်တကြားသွားပြီး မေးလိုက်တော့..."Park JiHoon နင်တော့သေတော့မယ်"
"ဗျာ...omma..သားကဘာလို့ သေရမှာတုန်း"
"အဲ့ဒါ ဘယ်သူလို့ ထင်တုန်း!"
"Stalkerလား...?"
"yaa..အဲ့ဒါ စာရေးဆရာလေးEdward Laiဟဲ့"
"ဘာ...ဘာကြီး..အက်ထဝက် လာအီ? ဘာကြီးလဲ"Ommaဖြစ်သူက ပြောပြနေတာတောင်မှ အခုထက်ထိ သဘောမပေါက်စွာ အူလည်လည်ဖြင့်
ပြန်မေးနေသေးတဲ့ Park Ji Hoon...."အင်း...ဟင်း..ဟင်း"
သားအမိနှစ်ယောက် ရှင်းတမ်းဖွင့်နေချိန် sofaပေါ်မှ Kuan Linနိုးလာပြီး နာကျင်နေသော
နဖူးမှ အာလူးအား လက်ဖြင့်ကိုင်ကာ ညည်းတွားနေတယ်....