ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ Doctor Kang Daniel....
ခွဲစိတ်မှု စောပြီးသည်မို့ နားနေခန်းထဲ ဝင်နားနေရင်း ခုံပေါ်က တုန်ခါနေသော ဖုန်းလေးကြောင့် ယူကြည့်မိတော့...
Ji Hoonဆီကပေါ့...."Hello.."
"Hello...hyungလား...
ညနေအားရင် ကျွန်တော်တို့ဆီ လာခဲ့ပါအုံးဗျ..
ကိုကိုလာအီ စာအုပ်ရောင်းအားကောင်းလို့တဲ့..
BBQလုပ်စားကြမလို့..hyungကိုပါ ဖိတ်ထားတယ်"
"အေး...hyungလာခဲ့မယ်နော်"
"Nae...ဖုန်းချလိုက်တော့မယ်"ဖုန်းပြောပြီးတော့မှ သတိရလိုက်မိသည်က...
အုန်းသီးကောင်....
အုန်းသီးရဲ့ မျက်နှာကြီး မြင်ယောင်လာပြန်တော့
အတွေးတွေက ဟိုတစ်နေ့ဆီသို့...Flash Back,
ရင်ခွင်ထဲ တိုးဝင်နေတဲ့ အကောင်လေးကြောင့်
တွေးမိသည်က Peterလေးပဲ ဖြစ်ရမည်ဟု...
မနက်စောစောဆို...သခင့်ရင်ခွင်ထဲ အမြဲ တိုးဝင်နေကြPeterလေးက...
Peterလေးကို ဖက်မိလိုက်တော့ ခေါင်းလို လုံးလုံးကြီးကြီးပဲ စမ်းမိသည်မို့ မျက်မှောင်ကြုံ့လိုက်မိတယ်...'Peterခေါင်းက အဲ့လောက်မကြီးပါဘူး' ဟုတွေးရင်း
မျက်လုံးဖွင့်ကာကြည့်မိတော့...ဟိုကောင်...
ရုတ်တရက် လန့်သွာသည်မို့...အိပ်ပျော်နေတဲ့ ထိုကောင့်ရဲ့ ခေါင်းကို တွန်းပစ်ရင်း တဆက်ထဲ ခြေထောက်ကပါ autoသူ့ရဲ့ ဝမ်းဗိုက်ဆီသို့....."ဘုန်း!"
"အ"ကုတင်ပေါ်က ပြုတ်ကျသွားတဲ့ Ongလည်း အိပ်ချင်မူးတူးနဲ့ မျက်လုံးကို ပွတ်နေရင်း...
"ဘယ်ကောင်လဲ...ငါ့ကန်ချတာ...
Bae Jinလား?"Ongလည်း အိပ်ချင်မူးတူးနဲ့ Bae Jinဟု ထင်ကာ ပြောနေရင်း မျက်စိဖွင့်ကြည့်မိမှ...
'ကြောင်သူခိုး'"ဟျောင့်...ကြောင်သူခိုး
မင်းက ဘာလို့ ဒီအိမ်ရောက်နေတာလဲကွ..
ထွက်သွားစမ်း...naga..!"လက်ညိုးတထိုးထိုးနဲ့ စွာစိလန်အော်ဟစ်နေတဲ့
Ongကို Kangက ခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်ရင်း