မင်းဟာ တော်တဲ့ ကောင်မလေးပါ။
ချစ်ခြင်းတရားကိုယုံကြည်တယ်။ ရိုးသားဖြောင့်မတ်တယ်။လူလူချင်း လေးစားမှုရှိတယ်။
မင်းဟာ တကယ့်ကို တော်တဲ့ ကောင်မလေးပါ။ဒါပေမယ့်မင်းဟာ
သိပ်ဆိုးတဲ့ ကောင်မလေးဆိုလဲ ဟုတ်တယ်။
ဘာကြောင့်လဲဆိုတော့ မင်း ဟာ အစ သန်တယ်။ နောင်ပြောင်ကျီစယ်တတ်တယ်။
ဒါကြောင့် မင်းကိုဆိုးတယ်လို့ ပြောတယ်။ဒါပေမယ့် အဲ့လိုမှ မဆိုးရင်
မင်းဟာ ဘဝမှာပျော်ရွှင်နိုင်မှာ မဟုတ်ဘူး။တစ်ခါတစ်ရံ
လူကြီး လူကောင်း ပီပီ နေထိုင်တာတွေကို လျစ်လျူရှုပြီး ကလေးတစ်ယောက်လို စနောက်တာတွေ ဖန်တီးသင့်တယ်။ရင့်ကျက်ခြင်းဟာ အထီးကျန်ခြင်းကိုဖြစ်ပေါ်စေတယ်။
မျက်နှာမပြောင်ဖူးရင် မစတတ်သေးရင်
အခုကစပြီးမျက်နှာလိုက်ပြောင်ကြည့်ပါ။ငယ်ရွယ်တုန်းမှာ မျက်နှာများများပြောင်ရတယ်။
နောက်ပြီး
မျက်နှာပြောင်တဲ့ကောင်မလေးတွေက
သိပ်ချစ်ဖို့ကောင်းတယ်။

YOU ARE READING
ကောင်မလေးတွေဖတ်ဖို့
Poetryကောင်မလေးတွေဖတ်ဖို့ဆိုပေမယ့် ကောင်လေးတွေလဲ ဖတ်ချင်ဖတ်လို့ရပါတယ်။ Wattpad မှာက ကောင်မလေးတွေများတော့ ကောင်မလေးတွေကို ရည်စူးလိုက်တာပါ။