Tiffany's pov
ဒီနေ့က ကျမ ဘဝမှာ အရောက်ချင်ခဲ့ဆုံး အမြဲ စောင့်ဆိုင်းခဲ့ရတဲ့နေ့လေးပါ.. Taeyeon က နောက်ဆုံးတော့ သူ့ကို ကျမအတွက် ဖြစ်ပေးဖို့ လက်ခံလိုက်ပြီ။အမြဲတမ်းအတွက်ပေါ့.. စေ့စပ်ပွဲအကြောင်း တွေးပြီး တစ်ညလုံးတောင် မအိပ်လိုက်ရဘူး..
Taeyeon က ကမ္ဘာပေါ်မှာ ရှိသမျှ လူတွေထက် ပိုလှတဲ့ အလှဆုံး မိန်းခလေးတစ်ယောက်ပါ.. အကောင်းဆုံး သူငယ်ချင်းတစ်ယောက် အဖော်မော်ကောင်း တစ်ယောက်ပါ.. သူက အမြဲ တက်ကြွနေတတ်ပြီး အားအင်အပြည့် ရှိနေတတ်သူလည်း ဖြစ်သည်။ သို့သော် ရုတ်တရက် သူရဲ့ အမွှာ ညီမ သေဆုံးသွားခဲ့ပြီး အဲ့ဒါဟာ သူမကြောင့်ပါ ဆိုပြီး အပြစ်တင်ရင်း သူ့ကိုယ်သူ မုန်းနေ၏။ နောက်ဆုံး စိတ်ကျရောဂါပါ ရသွားသည်။ ကံကောင်းသည်မှာ ကျမနဲ့ တွဲပြီး နောက်ပိုင်း သူအရင်လို ပြန်ဖြစ်လာခြင်းပင်..
လွန်ခဲ့တဲ့ နှစ်နှစ်က ကျမရဲ့ ခံစားချက်တွေကို သူ့ကို ဝန်ခံခဲ့ပြီး သူကလည်း လက်ခံခဲ့သည်။ ဒါပေမဲ့ သူ့ကို ကျမအတွက်ပဲ ဖြစ်စေချင်သည် ပိုမိုသေချာသွားအောင် လွန်ခဲ့တဲ့ တစ်ပတ်က Propose လုပ်ခဲ့သည်။ ဒါကိုလည်း သူ လက်ခံခဲ့သည်။ အခုတော့ ကမ္ဘာပေါ်မှာ အပျော်ဆုံး လူသားက ကျမဖြစ်မည် ထင်သည်။ ကျမ အရမ်းချစ်တဲ့ သူ့ကို ကျမ လက်ထပ်ရတော့ မှာကြောင့်လေ..
Taeyeon's Pov
"Taeyeon-ah ထတော့လေ ဒီနေ့ စေ့စပ်ပွဲနေ့ဆိုတာ မေ့နေတာလား? "
Omma တစ်ယောက် တံခါးဝကနေ ကျမကို အော်ပြောနေ၏။
"Umma ဘာဖြစ်လို့လဲ?"
ကျမ စိတ်မရှည်စွာ တံခါးဖွင့်ပေးရင်း မေးလိုက်သည်။
" Omma Tae Tae ဒီနေ့က သမီးရဲ့ စေ့စပ်ပွဲနေ့လေ.. အဲ့ဒါကို ဘာလို့ အကြာကြီး အိပ်နေရတာလဲ.. Omma ဖြင့် စိတ်တောင် ပူလာပြီ Tae Tae လေး တစ်ခုခု ဖြစ်သွားမှာကို "
Umma စိတ်ပူပြီး ပြောနေတာက ကျမကို ပြုံးစေသည်။ ကျမ အမေ ကျမကို ဘယ်လောက် ချစ်တယ်ဆိုတာ တွေ့နေရတာကြောင့်လေ...
YOU ARE READING
Delusions
FanfictionOriginal Story Link - https://www.asianfanfics.com/story/view/1306265 Original Author - Taengsicfreak89