" အန်တီ သမီး မေမေနဲ ဘယ်လိုသိတာလဲလို့? " Tiffanyဆီမှ အဖြေမလာတာကြောင့် သူ ထပ်မေး၏။
" အဲ့ဒါ သမီး မေမေလား ? " Fany ပြန်မေးလိုက်သည်။
" အင်း ဟုတ်တယ် ဒါပေမဲ့ အခု သူ နေမကောင်းလို့ ဆေးရုံမှာ နေနေရတာ တော်တော်ကြာပြီ။ ပြီးတော့ အခုထိ နိုးမလာသေးဘူး " ကလေးမလေးမှ ရှင်းပြ၏။
"Oh.. Ahh! အန်တီ သူ့ကို တွေ့လို့ရမလား? " သေချာချင်တာကြောင့် Fany မေးလိုက်သည်။
" ဒါပေါ့ ဒါပေမဲ့ ဖေဖေကတော့ ဒီနေ့လာမှာ မဟုတ်ဘူး သူ့ကိုတွေ့ချင်တယ်ဆိုရင်တော့ မနက်ဖြန်မှ လာခဲ့လေ "
" မဟုတ်ဘူး အန်တီက သမီးမေမေကိုပဲ အခုတွေ့ချင်တာ သူနဲ့ အခု တစ်ယောက်ယောက်များ ရှိနေမလား? "
" Nae.. ဘွားဘွားနဲ့ အန်တီ Soojung ရှိတယ်"
ပြောရင်းပင် ရှေ့ကနေ သူမ သွား၏။" ဒါဆို သူက ဘာလို့ ခုလိုနေမကောင်းဖြစ်ပြီး လှဲနေတာလဲ? " Sooyeon အခန်းဆီသွားရင်း Tiffany မေးလိုက်သည်။
" Accident! မေမေက ဒေါသထွက်ပြီး ဖေဖေ့ဆီကနေ ထွက်သွားဖို့လုပ်ရင်းက သမီးနဲ့ သွားရင်း ဖြစ်တာ "
" ဒါဆို သူပဲ ထိခိုက်သွားတာပေါ့ အဲ့လိုလား? "Fany မေးသော်လည်း ကလေးမဆီက အဖြေပြန်မလာ.. အဲ့အစား သူမ ပြုံးသာပြ၏။
Oh my God! Taeyeon ပြောတာ မှန်နေတာလား? သူတကယ်ပဲ Sooyeon ရဲ့ ဝိညဉ်ကို မြင်နေရတာလား? ရူးကြောင်ကြောင်နိုင်ပေမဲ့ အရင်ဆုံး သွားကြည့်လိုက်ပါဦးမယ်
ထိုသို့ Fany တွေးပြီး ကလေးမနောက် လိုက်သွား၏။
Tiffany's Pov
ထိုကလေးမလေး Sooyeon ကို သိတဲ့အကြောင်းပြောတော့ ကျမ တော်တော်လေးကို လန့်သွားသည်။ Taeyeon သူ့ကို မြင်တာသာ တကယ်ဆိုရင် Taeyeon က နေမကောင်းတာ မဟုတ်ဘူးပဲ.. Taeyeon က သူ့ရဲ့ ဝိညဉ်ကို မြင်ပြီး ချစ်သွားတာလား?
ကျမ အတွေးတွေနဲ့ မျောနေတုန်း အင်္ကျီကို လာဆွဲသလို ခံစားလိုက်ရသည်။ ကျမ ငုံ့ကြည့်လိုက်တော့ ထို ကလေးမလေးက အခန်းတစ်ခန်းကို လက်ညှိုးထိုးပြသည်။ ကျမ နဲ့ အတူသွားဖို့ ပြောပေမဲ့ သူ ငြင်းပြီး ထပ်ပြုံးပြပြန်သည်။ သူပြတဲ့ အခန်းကို တစ်ချက်ကြည့်ပြီး သူ့ကိုပြန်ကြည့်လိုက်တော့ ဘယ်ရောက်သွားလည်းမသိ၊.. တော်တော်မြန်တဲ့ ကလေးမလေး ..
YOU ARE READING
Delusions
FanfictionOriginal Story Link - https://www.asianfanfics.com/story/view/1306265 Original Author - Taengsicfreak89