Taeyeon's Pov
" Doctor! " ကျမခေါ်လိုက်တော့ သူမ သွားနေရာကရပ်ပြီး လှည့်ကြည့်သည်။
" Soshi ဆေးရုံဆိုတာ ရှိလား ? " ကျမ သူ့ကို မေးလိုက်သည်။
" မပြောတတ်ဘူး Taeyeon! " သူမ ခပ်ရေးရေး ပြုံးကာ " ဒါပေမဲ့ ခနနေရင် Tiffany လာလိမ့်မယ် သူလာရင် မေးကြည့်လေ " ပြောကာ ထွက်သွား၏။
ကျမ အိပ်နေလိုက်တယ်။ တကယ်တော့ အိပ်နေတာ မဟုတ်ပဲ လှဲနေရုံပါ။ ခနကြာတော့ သော့တွဲတွေ တစ်ခုနဲ့ တစ်ခု ထိပြီး ထွက်လာတဲ့ အသံကို ကျမ ကြားလိုက်ရသည်။ ထိုအသံလာရာအား ကြည့်မိတော့ Tiffany - တောက်ပတဲ့ အပြုံးတွေနဲ့ ကျမကို ကြည့်ပြီး လာနေသည်။
"Taeyeon! " ကျမ နာမည်ကို ခေါ်ပြီး ရောက်ရောက်ချင်းပဲ ဖက်ထား၏။
" အခုရော ဘယ်လိုနေသေးလဲ ? " ကျမကို သူမေး၏။ ကျမ သူ့ကို တွန်းလိုက်ပြီး
" ငါ ဘယ်တုန်းကမှ နေမကောင်းမဖြစ်ဘူး Fany-ya .. ငါ့ကို ဒီမှာ အကျဉ်းချထားရုံနဲ့ ငါ နင့်ကို ပြန်ချစ်လာပြီး နင့်ဘဝထဲ ငါ ထက်ပြီး ဝင်လာမယ်လို့ ထင်လား ? "
"Tae! ငါ့ ခေါင်းထဲရှိတဲ့ အတွေးက အဲ့လိုမဟုတ်ဘူး ငါနင့်ကို ကူညီဖို့ ကြိုးစားရုံပါ ဘာလို့လဲဆိုတော့ ငါ နင့်ကို ချစ်တယ်။ နင် ဘာလို့ အဲ့လောက် ခေါင်းမာရတာလဲ? " ပင်ပန်းနေတဲ့ အသံနဲ့ သူ ကျမကို ပြောသည်။ အခုတော့ ကျမ အပြစ်ရှိသလို ခံစားရပြန်သည်။ သူကျမကြောင့် စိတ်ပင်ပန်းနေရပြီလေ။
"Tiffany.. ငါတကယ် နေမကောင်းဘူးလို့ နင်ထင်လား? "
" ထင်တယ် Taeyeon ဘာလို့လဲဆိုတော့ တကယ်မရှိတဲ့ မိန်းမတစ်ယောက်ကို နင်ချစ်နေတာလေ.. ငါတို့ သူ့ကို မမြင်ရဘူး ဘယ်သူ့မှလည်း မမြင်ဘူး "
" ဒါပေမဲ့ ငါမြင်ရတယ်.. ငါ နေကောင်းတယ် Fany နင်တို့အားလုံးက Hyoyeon သေတာကြောင့် ငါ စိတ်ထိခိုက်ပြီး ခုလို ဖြစ်နေတာလို့ တွေးကြတာမဟုတ်လား? ကောင်းပြီ ငါ့မှာ ဘာ စိတ်ကျန်းမာရေး ထိခိုက်နေတာမှ မရှိဘူး။ Hyoyeon ဆုံးသွားတာနဲ့ ပတ်သက်ပြီး ငါ့ ကိုယ်ငါ ခွင့်လွှင့်လိုက်တာ ကြာခဲ့ပြီ။ သူသေတာ ငါ့ကြောင့်မဟုတ်ဘူးဆိုတာကို ငါလက်ခံပြီး အခုဆို သူလည်း တစ်နေနေရာမှာ ပျော်နေမှာပါ။ "
" Fany -ya ငါ့ကိုယုံပေးပါ။ Sooyeon က တကယ်ရှိတာပါ တကယ့်ကို ရှိတာပါ ငါ ခံစားလို့ရတယ် သူက စိတ်ကူးသပ်သပ် မဟုတ်ပါဘူး ငါ့ကို အိမ်ပြန်ခေါ်သွားပါ။ ငါနင့်ကို သက်သေပြပါ့မယ် "
" Taeyeon! သူက တကယ်မရှိဘူး ငါလည်း နင့်ကို သက်သေပြလို့ရတယ် ငါ သူ့နာမည်ကို Social Medias တွေ အကုန်လုံးမှာ ရှာပြီးပြီ ဒါပေမဲ့ တစ်ယောက်တောင် ထွက်မလာဘူး။ သူ့ရဲ့ Surname ကို ငါမသိတာကြောင့် ဖြစ်နိုင်ပေမဲ့ သူ့ကို နင့်တစ်ယောက်တည်း မြင်ရတာကရော ဘာလို့လဲ? " Fany ကျမအား မေး၏။
" နင်တစ်ယောက်ပဲ သူ့ကို မြင်တယ် သူနဲ့ စကားပြောနိုင်တယ် ငါတို့ မဟုတ်ဘူးလေ သေချာတာကတော့ ငါတို့ထင်တာ သူတကယ်ရှိမနေဘူး Taeyeon "
" Fany နင် ငါ့ကို နောက်တစ်ကြိမ် ထပ်ပြီး ကူညီမယ်ဆိုရင် ငါ ဝမ်းသာမိမှာပဲ။ သူ့ကို ရှာပေးပါ နင် သူ့ပုံကို ငါ့ဖုန်းထဲမှာ မြင်ဖူးတယ် မဟုတ်လား ငါတို့ Movie Date လုပ်တုန်းက တစ်ခုလေ ? " ကျမ သူ့ကို မျှော်လင့်ချက် အပြည့်ဖြင့် မေးလိုက်သည်။
" မမြင်ဖူးဘူး Tae! အဲ့ ပုံထဲမှာ နင်တစ်ယောက်တည်းပဲရှိတာ တခြား ဘယ်သူ့မှ မရှိဘူး Tae မယုံရင် ပြန်ကြည့်ကြည့် " သူပြောရင်း ကျမ ဖုန်းထဲက ပုံကို ပြန်ပြသည်။ ပြီးတော့ ... သူပြောတာအမှန်တွေပင်.. အဲ့ပုံထဲ ကျမက လွဲပြီး အခြားဘယ်သူမှ မပါချေ...
" နင် ပြင်ထားတာလား ဒါမှမဟုတ် တစ်ခုခု လုပ်ထားသေးလား? " ကျမမေးတော့ သူခေါင်းခါပြ၏။
" အဲ့ဒါဆိုလည်း ငါ့ရဲ့ Sketch Book ကို ယူသွား .. ငါ သူ့ပုံ တော်တော်များများကို ဆွဲထားတယ်။ ပြီးတော့ Soshi ဆေးရုံဆီသွားပြီး အဲ့ပတ်ဝန်းကျင်မှာ ရှာပေးပါ Sooyeon အဲ့မှာရှိမှာ သေချာတယ် " ကျမပြောလိုက်တော့ သူ ခေါင်းငြိမ့်ပြသည်။
" ငါနင့်ကို စောင့်နေမယ်နော် " ကျမ သူ့ကို ပြောလိုက်သည်။ ထို့နောက် သူ ထွက်မသွားခင် ကျမ နဖူးအား သူ အသာနမ်းသွား၏။
နင်ပြောတဲ့အရာက ငါမျှော်လင့်ထားသလို ဖြစ်ပါစေလို့ ငါဆုတောင်းတယ် Sooyeon.. နင် တစ်နေနေရာမှာ အသက်ရှင်နေဖို့ ငါမျှော်လင့်တယ်.. ငါကနင့်ကို မြင်နိုင်တဲ့ တစ်ဦးတည်းသောလူလေ.. အဲ့ဒါဟာလည်း ငါတို့နှစ်ယောက် ကြားထဲက မမြင်နိုင်တဲ့ အရာတွေကြောင့်လို့ ငါထင်တယ် Sooyeon ..
YOU ARE READING
Delusions
FanfictionOriginal Story Link - https://www.asianfanfics.com/story/view/1306265 Original Author - Taengsicfreak89