Part Two

89 15 0
                                    

Taeyeon's Pov

"Baby ​တောင်းပန်​ပါတယ်​..Fany သွားမှဖြစ်​မှာ​လေ အရင်​တည်းက ​ပြောထားတာကို ဘာလို့ ခု ဝမ်းနည်းတဲ့ ပုံစံ​ပေါက်​​နေတာလဲ ? ပြီး​တော့ တစ်​လတည်းကို " Tiffany ကျမကို ​ပြောသည်​။

သူ ကျမရဲ့ စိတ်​အ​ပြောင်းအလဲ​ကြောင်း စိတ်​ပူ​နေတယ်​ဆိုတာ သိသာလွန်းသည်​။ သို့​သော်​ သူ သွားမှာ​ကြောင့်​ ကျမ ဝမ်းနည်း​နေတာ​တော့ မဟုတ်​ပါ.. အမှန်​က အခု ဝမ်းနည်းပြီး ယူကျုံးမရ ဖြစ်​​နေတာဟာ Jessica ​ကြောင့်​ပါ...ကျမ သူ့မျက်​လုံးထဲက ကျမနဲ့ ပတ်​သက်​ပြီး ​မျှော်​လင့်​ချက်​​တွေကို ကျမမြင်​ခဲ့ရသည်​။ ကျမ ​စေ့စပ်​ပြီး​ကြောင်း သူသိ​တော့ သူရဲ့ နာကျင်​မှု​တွေကိုလည်း အတိုင်းသား မြင်​ခဲ့ရသည်​။ ခံလည်း ခံစားနိုင်​သည်​။

" အဆင်​​ပြေပါတယ်​ Fany-ah .. ငါ နင့်​ရဲ့ အလုပ်​နဲ့ ပတ်​သက်​ပြီး နားလည်​​ပေးနိုင်​ပါတယ်​ .. အဲ့​တော့ ငါ့အတွက်​ စိတ်​မပူပါနဲ့ .. " ကျမ သူ့ကို ပြုံးပြကာ ​ပြောလိုက်​သည်​။

အခုမှ Fany စိတ်​သက်​သာရာရသွားပုံ​ပေါ်သည်​။ ဘာလို့လည်းဆို​တော့ သူ့ရဲ့ Eye smile ကြီးနဲ့ ရယ်​ပြ​နေတာ ​ကြောင့်​​လေ..

အဲ့အပြုံးကို ကျမ အရမ်းမြတ်​နိုးသည်​။ ​နေ့တိုင်းလည်း အဲအပြုံးအား ​တွေ့ချင်​သည်​။

" အဲ့ဒါဆို ငါ့ကို နင်​နဲ့ အတူ ဒီညကို ကုန်​ဆုံးချင်​လား? " စွဲမက်​စရာ​ကောင်းသည့်​ ​လေသံဖြင့်​ ​အောက်​နှုတ်​ခမ်းအား ကိုက်​ကာ ​မေး၏။

"ဒါ​ပေါ့ ငါတို့က ​စေ့စပ်​ပြီးပြီ​လေ.. မကြာခင်​လည်း နင်​က ငါ့ကို ထားခဲ့ဦးမှာ မဟုတ်​လား ဘာလို့ တစ်​ညလုံးအတူ မ​နေချင်​ရမှာလဲ "

သူ​ပြောတဲ့ အဓိပ္ပါယ်​ကို မသိချင်​​ယောင်​​ဆောင်​ကာ ပြန်​​ပြောလိုက်​သည်​။

" ငါ​တွေးထားနဲ့ လုံးဝကြီး ကွဲပြား​နေတယ်​ .. ငါတို့ တစ်​ညလုံး ဘာမှမလုပ်​ပဲ ​နေကြမှာလား? "

Tiffany တစ်​​ယောက်​ ကျမအား " ငါ နင့်​ကို ဆိုးဆိုးရွားရွားကို လိုချင်​​နေပြီ " ဟူ​သော အကြည့်​ဖြင့်​ ကြည့်​ကာ ​ပြော​​နေသည်​။

DelusionsWhere stories live. Discover now