Tiffany's Pov
Taeyeon ထွက်သွားခဲ့သည့် နေမှစပြီး ကျမ Condo ထဲက မထွက်ဖြစ်တာ ရက်ပိုင်းလောက်ရှိပြီ။ အဲ့နေ့က ကျမ နောက်ဆုံး ရေချိုးခဲ့ အိပ်ခဲ့တဲ့ နေ့လည်း ဖြစ်သည်။ အဲ့နေ့နောက်ပိုင်း ကျမ ဘာမှလည်း မစားဖြစ်တော့ပါ...
ကျမ အရမ်း သနားဖို့ကောင်းနေသည်။ ဒါကိုလည်း ကျမသိသည်။ သနားဖို့ကောင်းတဲ့ ပုံစံဖြစ်နေတဲ့ ကိုယ့်ကိုကိုယ် ကျမ အရမ်းမုန်းသည်။
ကျမ သူ့ကို ဖုန်းခေါ်ဖို့ ကြိုးစားသေးသည်။ တစ်ခါ... နှစ်ခါ... သုံးခါ ... နောက်ဆုံး သူ စက်ပါပိတ်ဖြစ်လိုက်သည်။ ကျမ ဘာလုပ်ရမလဲ ဘာလုပ်သင့်လဲ မသိတော့ဘူး... နောက်ဆုံး မတ်တတ်ထရပ်ကာ ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။ မှန်ကြည့်လိုက်သည့်အခါ ... မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ခန္ဓာကိုယ်ကလည်း (အရင်ကနှင့် ယှဉ်လျင်) ပိန်နေသည်။ မျက်လုံးများကလည်း Panda တစ်ကောင်နှင့် နင်လားငါလားပင်..
သနားစရာကောင်းလောက်အောင် အသုံးမကျတဲ့ ကိုယ့်ကိုကိုယ် ကြည့်ပြီး ဝမ်းနည်းစွာ ပြုံးလိုက်မိသည်။ ထို့နောက် ရေချိုးဖို့ ဆုံးဖြတ်လိုက်သည်။ ရေချိုးပြီးနောက် အိမ်ရှေ့သို့ ထွက်လိုက်၏။ အမှောင်ထဲမှာ နေခဲ့ရတာ ကြာတော့ နေရောင်ခြည်ကိုပင် မခံနိုင်တော့.. ထို့ကြောင့် ထီးတစ်ချောင်း ထုတ်ကာ ကားရှိရာဆီ သွားလိုက်သည်။ ပြီးနောက် တစ်နေရာစီ ဦးတည်ကာ ကျမ အိမ်မှ ထွက်လာခဲ့သည်။ ထို နေရာကတော့ Taeyeon ရဲ့ အိမ်ကိုပင်..
ဟုတ်ပါတယ် ကျမ သနားစရာကောင်းတယ် .. ကျမ သိပါတယ်..
************
Taeyeon တစ်ယောက် ပုံဆွဲစာအုပ် တစ်အုပ်ကို ပိုက်ပြီး အိပ်ပျော်နေ၏။ အိပ်နေသည်မှာ ချစ်ဖို့ကောင်းလှသည်။ ထိုစာအုပ်အား သူမနိုးအောင် တိတ်တိတ်လေး ဆွဲယူပြီး ဖွင့်ကြည့်လိုက်သည်။
ပထမစာမျက်နှာတွင် ကျမ ပုံအား တွေ့လိုက်ရသည်။ ထို့ကြောင့် ကျမ ပြုံးမိသွား၏။ နောက်တစ်ရွက်အား ကြည့်မိသည့်အခါ ကျမအပြုံးများ ချက်ချင်းပင် အသက်မဲ့သွားရသည်။
YOU ARE READING
Delusions
FanfictionOriginal Story Link - https://www.asianfanfics.com/story/view/1306265 Original Author - Taengsicfreak89