Tiffany's Pov
Taeyeon တော့ ကျမကို အလုပ်တစ်ခု ပေးလိုက်ပြီ Sooyeon ဆိုတဲ့ တစ်ယောက် တကယ်ရှိတယ်လို့ သူ ယုံနေတာလား?
ဘာလို့များ သူ့ချစ်သူကို ကျမကို ရုတ်တရက် ရှာခိုင်းတာလဲဆိုတာ ကျမ သိချင်မိတယ်။ ကျမ ပြောချင်တာက ကျမ သူ့ကို ချစ်နေတုန်းပဲလေ သူက ကျမအတွက် အလင်းရောင်ပဲ။ ပြီးတော့ ကျမသူ့ကို အရမ်းချစ်တယ် သူ့အတွက် ဘာမဆို ကျမ လုပ်ပေးဖို့ အသင့်ပါ။ ကျမ သိပါတယ် ကျမက သနားစရာကောင်းလောက်အောင် သူ့ကို တွယ်ကပ်နေတယ်ဆိုတာ..
ကျမ Kim အိမ်ရာ ရှေ့မှာ ကားရပ်လိုက်ပြီး လူခေါ်ဘဲတီးလိုက်ကာ တံခါးဖွင့်လာမဲ့အချိန်ကို စိတ်ရှည် လက်ရှည် စောင့်နေလိုက်သည်။
"Tiffany !" Umma ကျမကို တွေ့တွေ့ချင်းပဲ ပြေးဖက်သည်။ " သူဘယ်လိုနေသေးလဲ ?အဆင်ရောပြေရဲ့လား ? "
" အဆင်ပြေပါတယ် Umma .. အရင်ကထက်တောင် ပိုကောင်းလာပါပြီ ပြီးတော့ အသာတကြည် ကုသမှုကိုလည်း ခံယူတယ်လေ "
" တော်သေးတာပေါ့ ဒါ သတင်းကောင်းပဲ မကြာခင် သူ Sooyeon ဆိုတဲ့ ကောင်မလေးကို မေ့သွားပြီး ပုံမှန်ပြန်ဖြစ်တော့မယ် ထင်တယ်။ ပြီးတော့ သမီးတို့ နှစ်ယောက်လည်း အရင်တိုင်း ပြန်ဖြစ်လာမှာပါ။ " သူမ စိတ်ကူးယဉ်ကြည့်ပြီး ပြောနေ၏။
" သေချာတာပေါ့! ဒါပေမဲ့ Taeyeon က အခုထိ သမီးတို့ မှားနေတယ်လို့ တွေးနေသေးတယ်။ သး သမီးကို ဆေးရုံနာမည်တစ်ခု ပြောပြီး အဲ့မှာ Sooyeon ဆိုတဲ့ နာမည်ကို လိုက်ရှာခိုင်းတယ်။Sooyeon ဒါမှမဟုတ် Jessica တကယ် မရှိဘူးဆိုတာ သူ့ကို သက်သေပြဖို့ အခွင့်ရေးကောင်းတစ်ခုလို့ သမီးတော့ထင်တယ်။ Umma ရော အဲ့လိုမထင်ဘူးလား? " ကျမမေးလိုက်တော့ Umma လည်း ခေါင်းငြိမ့်ပြသည်။
" ခနနေ ပြန်လာခဲ့မယ်နော် Umma " ဟုပြောကာ ကျမ Taeyeon အခန်းဆီ သွားပြီး Taeyeon ပြောတဲ့ Sketch Book က Sooyeon ပုံပါတဲ့ ပထမဆုံး တစ်ရွက်ကို ကျမ ဖြဲပီး ယူထားပြီး အခန်းပြင်သို့ ထွက်လာလိုက်တော့ ရပ်ကြည့်နေတဲ့ Umma ကို ကျမ တွေ့လိုက်သည်။
YOU ARE READING
Delusions
FanfictionOriginal Story Link - https://www.asianfanfics.com/story/view/1306265 Original Author - Taengsicfreak89