Part Five

63 13 0
                                    

Tiffany's Pov

"ငါ​တောင်းပန်​ပါတယ်​ Fany-ah.. ငါတို့ရဲ့ ​စေ့စပ်​ပွဲကို ဖျက်​သိမ်းပြီး လမ်းခွဲကြရ​အောင် ​ငါဆက်​မလုပ်​နိုင်​​တော့ဘူး ငါ အချိန်​ယူပြီး ​တွေးပြီးသွားပြီ ငါတို့ ဘယ်​​တော့မှ အတူမဖြစ်​နိုင်​ဘူး Fany "

ဒီစကား​တွေကို Taeyeon ကိုယ်​တိုင်​ ကျမကို ​ပြောခဲ့ခြင်းဖြစ်​သည်​။ သူနဲ့ စကားလုံး တစ်​လုံးချင်းစီတိုင်းတွင်​ ကျမ နာကျင်​ရသည်​။ ကျမ ဘာမှလည်း စားချင်​စိတ်​မရှိ​တော့... မစားနိုင်​​တော့တာဆို ပိုမှန်​လိမ့်​မည်​။ .. ဘာဆိုဘာမှလည်း မလုပ်​ချင်​​တော့ .. ကျမဘဝ အ​မှောင်​ကျသွားခဲ့ပြီ...

သူမရှိပဲ ကျမ မ​နေနိုင်​တာကို Taeyeon တကယ်​ပဲ မသိတာလား? သူက ကျမရဲ့ဘဝ ကျမရဲ့ အရာအားလုံးဆိုတာ သူသိရဲ့လား? ဒီလို ကြီးမားတဲ့ ကိစ္စကို တစ်​​ယောက်​တည်း ဘယ်​လိုများ ဆုံးဖြတ်​ချက်​ ချခဲ့တာလဲ?

Flashback!

ကျမ ချစ်​ရတဲ့ Taeyeon ကို ​တွေ့ရ​တော့မှာမို့ ကျမ အရမ်း ​ပျော်​​နေမိသည်​။ ကျမ သူ့ကို အရမ်းလွမ်း​နေခဲ့တာ ​ကြောင့်​​လေ..

သူ့ရဲ့ အနမ်း​တွေ သူ့ရဲ့ ​နွေး​ထွေးမှု​တွေ သူရဲ့ အထိအ​တွေ့​တွေ သူနဲ့ ပတ်​သက်​သမျှ အရာတိုင်းကို ကျမ လွမ်းသည်​။

ကျမ တစ်​လလုံး အလုပ်​​တွေလုပ်​ပြီး ဒီ​နေ့​တော့ ကျမ Korea ကို ပြန်​​တော့မည်​ ။ Taeyeon မရှိတဲ့ တစ်​လလုံးဟာ ကျမအတွက်​ အဓိပ္ပါယ်​မဲ့သလို ခံစားရပြီး Taeyeon အ​ပေါ် ထားတဲ့ ကျမရဲ့ အချစ်​​တွေ Taeyeon က ကျမအတွက်​ ဘယ်​​လောက်​ အ​ရေးပါလဲဆိုတာ​တွေ ကျမ အကုန်​သိလာသည်​။

အားလုံးချုံ့ ​ပြောရလျှင်​ Taeyeon မရှိလျှင်​ ကျမ ​သေသွားနိုင်​သည်​။

Airports ကို ​ရောက်​​ရောက်​ချင်း ကျမကို ​စောင့်​​နေတဲ့ Taeyeon ကို မြင်​ရ​တော့ ချက်​ချင်း မ​ခေါ်နိုင်​ပဲ အ​ဝေးက​နေ သူ့ပုံရိပ်​​လေးကို ​ငေးကြည့်​​နေမိသည်​။ ခါတိုင်းထက်​ လှ​နေပြီး ပိုပြီးလည်း ဆွဲ​ဆောင်​မှု ရှိ​နေ၏။  ကျမ​ရောက်​​နေတာ Taeyeon သိပုံမ​ပေါ်​ချေ.. သူမလက်​က​လေး ပိုက်​ကာ ​ခြေ​ထောက်​ကို ​မြေပြင်​နဲ့ တစ်​​တောက်​​တောက်​ ​ထောက်​​ရင်း ​စောင့်​​နေ၏။ ကျမတို့ အကြည့်​ချင်း ဆုံသွားသည့်​အခါ Taeyeon ကို ကျမရဲ့ Eye Smile ဖြင့်​ အပြည့်​အဝ ပြုံးပြလိုက်​သည်​။ ကျမသူ့ကို လက်​လှမ်းပြတဲ့အခါ သူကျမဆီ ​လျှောက်​လာ၏။

DelusionsWhere stories live. Discover now