Mrs. Kim Pov's
Taeyeon အခုလို နေမကောင်းတာကိုတောင် သတိမထားမိသည့်အတွက် ကျမမ နာကျင်ရသည်။ ကျမက ဘယ်လို အမေမျိုးပါလိမ့်..
ငါ ဘာလုပ်ရမလဲ ?
ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲ?
Tiffany နဲ့ သူတွဲတဲ့အချိန်ကစပြီး နေကောင်းလာပြီလို့ ကျမထင်ခဲ့တာ.. ဟိုးအရင်တုန်းက သူ့ရဲ့ အမှောင်ကနေတဲ့ နေ့ရက်တွေကို ကျမ မှတ်မိသေးတယ်.. အဲ့တုန်းကဆို သူ့ကိုယ်သူ နာကျင်အောင်အမြဲလုပ်တာ အဆိုးဆုံးကတော့ သက်သေဖို့ ကြိုးစားတာပဲ.. ဘာကြောင့် အဲ့လိုတွေ လုပ်တာလဲဆိုတော့ သူ့ရဲ့ အမွှာအစ်မဖြစ်တဲ့ Hyoyeon ရဲ့ သေဆုံးမှုက သူ့ကြောင့်ပါဆိုပြီး ယူကျုံးမရ ဖြစ်ခဲ့တာကြောင့်ပါ။
Flashback
" Hyoyeon-ah .. ငါ ခြေထောက်နာနေလို့ သွားလို့မရဘူးလေ အဲ့ဒါကြောင့် ငါ့အစားသွားပေးပါနော်.. ဒီအခွင့်အရေးကို ငါလက်လွတ်မခံနိုင်ဘူးဟ လုပ်ပါဟာ နော်နော် "
" ငါမှ basketball ဆော့တာ မကျွမ်းတာ Taeyeon ရဲ့ ဒါပေမဲ့ ငါ ကြိုးစားကြည့်မယ်လေ ပြီးတော့ Yuri လည်း ငါ့ကို ကူညီမယ် ပြောတယ် မှတ်လား ? "
" အင်း! သူ နင့်ကို သင်ပေးလိမ့်မယ် ကျေးဇူးပဲ " Taeyeon သူမ အား ဖက်လိုက်သည်။
Taeyeon တစ်ယောက် ပျင်းလာတာကြောင့် TV ဖွင့်ကြည့်လိုက်သည်။ ထိုအခါ သတင်းတွင် Taeyeon တို့ School Bus စစ်ပြေးတစ်ယောက်ကြောင့် ပေါက်ကွဲသွားသည်ဟူ၍ ကြော်ငြာနေ၏။ ဒါတွေအားလုံးရဲ့ ရလာဒ် ကတော့ Mrs. Kim ဟာ သူ့ သမီး နှစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရသလိုပါပဲ...အကြောင်းအရင်းကတော့ Taeyeon ဟာ သူအမ သေရတာ သူ့ကြောင့်ဟုဆိုကာ သူ့ကိုယ်သူ အပြစ်တင်ပြီး Depression တွေဝင်ပြီး သူသာ အကူအညီမတောင်းခဲ့ရင်.. Hyoyeon အသက်ရှင်မှာ... သူ Basketball ပြိုင်ပွဲဝင်မပြိုင်ချင်ခဲ့ရင် Hyoyeon သူမ နဲ့ အတူတူရှိနေမှာ.. ထိုအချိန်က စပြီး taeyeon တစ်ယောက် Basketball မဆော့တော့သလို အဲ့အကြောင်းလည်း မပြောတော့...
YOU ARE READING
Delusions
FanfictionOriginal Story Link - https://www.asianfanfics.com/story/view/1306265 Original Author - Taengsicfreak89