Tiffany's Pov
ကျမ Taeyeon ကို ဖုန်းခေါ်နေတာ အကြိမ်ပေါင်းများစွာရှိပြီ။ သို့ပေမဲ့ သူ တစ်ခါလေးတောင် ပြန်မဖြေဘူး.. သူအဆင်မှ ပြေပါ့ရဲ့လား ကျမ သိချင်သည်။ အဲ့ဒါကြောင့် သူ Omma ကို ဖုန်းဆက်ပြီး မေးကြည့်တော့ သူအိမ်မှာ မရှိဘူး တဲ့ ပြီးတော့ ကျမကို Airport လိုက်ပို့ ပြီး တည်းက အိမ်ကို ပြန်မရောက်သေးဘူးတဲ့.. အဲ့ဒါကြောင့် ခနကြာတော့ ကျမ သူ့အမေကို ပြန်ခေါ်လိုက်သည်။ ထိုအခါ Taeyeon က သူငယ်ချင်း တစ်ယောက်အိမ်မှာ အိပ်တယ်တဲ့.. ဘယ်က သူငယ်ချင်းလဲ? သူ့ရဲ့ သူငယ်ချင်းတွေထဲမှာ ကျမသိတာဆိုလို့ Yuri ရယ် Yoona ရယ် Hyoyeon ရယ်ပဲ ရှိသည်။ ထို့ကြောင့် သူတို့အကုန်လုံးကို ဖုန်းဆက်မေးကြည့်တော့ သူတို့နဲ့ အတူရှိမနေဘူးဟု ပြန်ဖြေကြသည်။ ဒါဆို သူ့ရဲ့ သူငယ်ချင်းအသစ်ဆိုတဲ့ တစ်ယောက်နဲ့များလား?..
ဒါပေမဲ့ Taeyeon က သိတာမကြာသေးတဲ့ လူတစ်ယောက်နဲ့ အလွယ်တကူ အိပ်တတ်တဲ့ လူမှ မဟုတ်ပဲ.. သူ အဆင်မှပြေရဲ့လား...
Oh God သူ အဆင်ပြေပါစေလို့ ကျမဆုတောင်းတယ်... သူသာ တစ်ခုခု ဖြစ်သွားမယ်ဆို ကျမဘဝ ဘယ်လိုမှ ရှေ့ဆက်နိုင်မယ် မထင်ဘူး..
ကျမ သူ့အမေကို ဖုန်းထပ်ဆက်လိုက်သည်။ ဒီတစ်ကြိမ်တော့ Taeyeon အိမ်ပြန်ရောက်နေပြီး ရေချိုးနေပြီဟု ကျမသိရသည်။ ကျမအတော် စိတ်သက်သာသွားသည်။ ထို့နောက် ရေချိုးပြီးချိန်ကို မှန်းပြီး သူ့ကို ဖုန်းခေါ်လိုက်သည်။ နောက်ဆုံးတော့ Taeyeon ကျမဖုန်းကို ကိုင်ပြီ...
" Hey " (Taeyeon)
"Hey! အဆင်ပြေရဲ့လား? " (Fany)
" ဒါပေါ့ ! Fany ရော ? "
" Fine! ဒါနဲ့ပြောပါဦး ညက အိမ်ပြန်မအိပ်ဘူးဆို ? "
" Oh! ဟုတ်တယ် မနေ့က သူငယ်ချင်း တစ်ယောက်နဲ့ အတူရှိနေတာ အချိန်က နောက်ကျနေတာနဲ့ သူ့ဆီမှာပဲ အိပ်လိုက်တယ် "
" Okay! ငါက နင့်ကို စိတ်ပူနေတာ . အိမ်ပြန်ရောက်နေပြီဆိုတော့ တော်သေးတာပေါ့.. ငါ နင့်ကို အရမ်းလွမ်းနေတာ Babe "
YOU ARE READING
Delusions
FanfictionOriginal Story Link - https://www.asianfanfics.com/story/view/1306265 Original Author - Taengsicfreak89