Part Ten

92 20 0
                                    

Taeyeon's Pov

ကျမ Mom နဲ့ အတူသွားရင်း Tiffany ဆီ ဦးတည်​ပြီး သွား​နေတာကို ကျမ သတိထားမိလိုက်​သည်​။

" Mum! သမီးတို့ဘာလို့ Tiffany ဆီ သွား​နေတာလဲ? " sooyeon ကို သဝန်​တို​အောင်​ လုပ်​ချင်​စိတ်​မရှိ​ပေမဲ့ ကျမ​မေးလိုက်​ရသည်​။

" omma တို့ သူနဲ့ အတူသွားပြီး ​တွေ့စရာလူတစ်​​ယောက်​ရှိတယ်​ "

"Hi Tae Tae ! " ကားရပ်​ရပ်​ချင်း Tiffany တစ်​​ယောက်​ ​ပျော်​ရွှင်​စွာ နှုတ်​ဆက်​၏။

ထို့​နောက်​ ကျမတို့ ဆက်​သွားကြသည်​။ ကြီးမားသည့်​ အ​ဆောက်​အအုံ တစ်​ခုအ​ရှေ့​ရောက်​သည့်​အခါ ကားရပ်​လိုက်​၏။ ဘယ်​ကို ​ရောက်​လာမှန်း ကျမ အခုထိ မသိ​သေး.. သို့​သော်​ အ​ဆောင်​အအုံ ထိပ်​ဆုံးက နာမည်​ကို ကျမ ဖတ်​ကြည့်​လိုက်​သည်​။ " Golden Asylum " ? စိ​တ္တဇ​ဆေးရုံ? စိတ်​​ရောဂါ ကုတဲ့​နေရာ ? ကျမ အ​တော်​ အံ့သြသွားသည်​။ Mom နဲ့ Tiffany က အစတည်းက အကြံရှိခဲ့တာမှန်း ကျမ ​သ​ဘော​ပေါက်​သွားသည်​။

သူတို့ ကျမ ​နေမ​ကောင်းဘူးလို့ ထင်​ကြတယ်​ Sooyeon ကိုလည်း တကယ်​ရှိမ​နေဘူးလို့ ထင်​​နေကြတယ်​။ 

ဘယ်​လိုလုပ်​ပြီး ကျမရဲ့ Sooyeon က ကျမရဲ့ စိတ်​ကူးယဉ်​ပြီး ဖန်​တီးထားတဲ့ အရာတစ်​ခု ဖြစ်နိုင်​မှာလဲ?

Sooyeon က တကယ်​ရှိတာ သူ့ရဲ့ အနမ်း​တွေ သူ့ရဲ့ အထိအ​တွေ့​တွေ ​ပြီး​တော့ သူ့ရဲ့ ခန္ဓာကိုယ်​ ​နောက်​ဆုံး အရာအားလုံးဟာ အစစ်​အမှန်​​တွေကြီးပဲ !

အဲ့ ခံစားချက်​ကလည်း အစစ်​အမှန်​ သူ့ကို ချစ်​တဲ့အချစ်​ကလည်း အစစ်​အမှန်​ သူနဲ့ပတ်​သက်​သမျှ အရာအားလုံးဟာ တကယ့်​ကို အစစ်​အမှန်​​တွေကြီးပါပဲ..

"Umma ဘာလို့လဲ ဘာလို့ ဒ်ီကို ​ခေါ်လာရတာလဲ? " ကျမ မျက်​ရည်​​တွေဖြင့်​ ​မေးလိုက်​သည်​။

" လိုအပ်​လို့ လုပ်​ရတာပါ Taeyeon ! စိတ်​မ​ကောင်းပါဘူး ဒါ​ပေမဲ့ အဲ့မိန်းခ​လေးက တကယ်​မရှိဘူး သမီး ​နေမ​ကောင်းဖြစ်​​နေတာကို အဲ့ဒါကို သမီးမသိ​သေးတာပါ "

"Fany? " Umma က နားမလည်​​တောင်​ Fany က​တော့ နားလည်​မှာပါဆိုတဲ့ ​မျှော်​လင့်​ချက်​​လေးနဲ့ ကျမ ​မေးလိုက်​သည်​။

DelusionsWhere stories live. Discover now