Jessica's Pov
ကျမ Taeyeon ကို စောင့်ကြည့်နေတာ အချိန်အနည်းငယ်ရှိပြီ။ သူရဲ့ ချစ်သူနဲ့ သူပျော်နေတာကိုလည်း ကျမ မြင်ရသည်။ သို့သော် သူ့အတွက် ကျမရဲ့ ခံစားချက်တွေက ခိုင်မာနေတာတော့ ကျမလည်း မတက်နိုင်တော့ပါ ...
ကျမ က သူ့အတွက် တည်ရှိနေတာမျိုးပေါ့.. ပထမဆုံး အချိန်တွေ့တည်းက သူ့အကြောင်းတွေကို သိချင်စိတ်က ထိန်းမရတာကြောင့် သူ့ကို အရင် စကားစပြောခဲ့ခြင်း ဖြစ်သည်။
သူက ချစ်ဖို့ကောင်းပြီး လှလည်း လှသည်။ ကျမရဲ့ နှလုံးသားကိုလည်း တစ်ခါတည်း ယူဆောင်သွားသည်။ သူ ပြုံးလိုက်တိုင်း ကျမ ကောင်းကင်ပေါ်ရောက်သွားသလို ခံစားရပြီး သူရဲ့ အပြုံးတွေကို တစ်သက်လုံး မြင်တွေ့ချင်မိသည်။
ကျမ အခု Airport တွင် ရောက်နေသည်။ အကြောင်းမှာ သူမသိအောင် သူ့နောက်က လိုက်လာခဲ့သောကြောင့်ပင်.. ကျမ သူ့ကို အရမ်းလွမ်းသည်။ ကျမ သူနဲ့ စကား မပြောရရင် ရူးတော့မယ်တောင် ထင်မိသည်။ ကျမ အတွေးနဲ့ ကျမ မျောနေတုန်းတွင် အသံချိုချိုလေးအား ကြားလိုက်ရသည်။
"Sooyeon? " ကျမ အရမ်းချစ်တဲ့ သူ့ဘက်ကို လှည့်လိုက်ကာ
" Taeyeon! " ကျမ သူ့အား ပြုံးပြကာ ပြန်ပြောလိုက်သည်။ သူမရဲ့ အပြုအမူက ကျမကို အရူးတစ်ယောက်လို ဖြစ်သွားစေသည်။ သူ ပြေးလာကာ ကျမ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး ကျမလည်း သူ့ခါးအား ပြန်ဖက်ထားလိုက်သည်။
ကျမတို့ကို လူတွေ အထူးအဆန်း ဝိုင်းကြည့်နေတာ မြင်တော့ အဲ့နေရာက သွားဖို့ ဆုံးဖြတ်လိုက်သည်။
" Amm... Tae , သွားရအောင် ငါတို့ကို လူတွေဝိုင်းကြည့်နေတယ် " ကျမ ပြောတော့ လူတွေ ဘယ်လို ကြည့်နေလဲဆိုတာ သူမလည်း ကြည့်လိုက်သည်။ တချို့က မနှစ်သက်တဲ့ အကြည့်နဲ့ ကြည့်ပြီး တစ်ချို့ကြတော့ သနားသည့် အကြည့်ဖြင့် ကြည့်ကြသည်။
YOU ARE READING
Delusions
FanfictionOriginal Story Link - https://www.asianfanfics.com/story/view/1306265 Original Author - Taengsicfreak89