Part Seven

70 11 0
                                    

Taeyeon's Pov

" သူ​ရောက်​လာပြီ " ကျမ တံခါးဆီ သွားဖို့ပြင်​တုန်းတွင်​ Yuri က ကျမအား တားလိုက်​သည်​။

"Hey! နင်​တို့နှစ်​​ယောက်​က စိတ်​ချင်းဆက်​သွယ်​​နေတာ မို့လို့လား သူ​ရောက်​​နေပြီဆိုတာ နင်​သိရ​အောင်​ " 

" သူ လူ​ခေါ် Bell တီးလိုက်​တယ်​​လေ နင်​ နားကို ​ဆေးခန်း ပြသင့်​ပြီ ထင်​တယ်​​နော်​ " ကျမ Yuri ကို ပြန်​​ပြောကာ ထွက်​လာခဲ့သည်​။

"Hi " တံခါးဖွင့်​ဖွင့်​ချင်းပင်​ Sooyeon ကျမအား နှုတ်​ဆက်​သည်​။

ကျမ သူ့ကို အနည်းငယ်​ နမ်းလိုက်​ကာ ဧည့်​ခန်းထဲသို့ လက်​ဆွဲကာ ​ခေါ်လာလိုက်​သည်​။ အားလုံးက ကျမရဲ့ Sooyeon ကို ​တွေ့ဖို့ ​စောင့်​​နေကြပြီ မဟုတ်​လား..

" အားလုံးပဲ ဒါ Sooyeon ​လေ နှုတ်​ဆက်​လိုက်​ပါဦး " သူမကို အားလုံးမြင်​ရမဲ့​နေရာဆီ အနည်းငယ်​ဆွဲလိုက်​သည်​။

Sooyeon က ပြုံးပြီး သူတို့နှုတ်​ဆက်​​နေ​သော်​လည်း သူတို့ အကြည့်​​တွေက ထူးဆန်း​နေပြီး ပါးစပ်​​တွေလည်း အ​ဟောင်းသားပင်​.. Tiffany ရဲ့ မျက်​လုံးထဲက မျက်​ရည်​စ​တွေကိုလည်း ကျမမြင်​ရသည်​။ ပြီး​တော့ Omma .. သူလည်းပဲ ​​ဝေခွဲမရတဲ့ expression မျိုးနဲ့ မျက်​ရည်​​တွေဝဲ​နေသည်​။

ကျမခန့်​မှန်းကြည့်​ရမယ်​ဆိုရင်​ Fany က​တော့ အခု ကျမကို တကယ်​လက်​လွှတ်​ရ​တော့မယ်​လို့ ​တွေးမိလို့ ဖြစ်​ပါလိမ့်​မယ်

Omma က​တော့ Sooyeon ရဲ့ အလှမှာ ​မျော်​သွားတာများလား?

Yuri နဲ့ အခြားကျန်​တဲ့ လူ​တွေက​တော့ ကျမတို့ကို ​ငေးကြည့်​​နေကြသည်​။ကျမ Sooyeonကလည်း တခြားလူ​တွေ မနာလိုဖြစ်​ပြီး ​ငေးကြည့်​​လောက်​​အောင်​ လှသည်​ မဟုတ်​လား..

"T-taeyeon! " Omma ​ခေါ်​တော့ Sooyeon လက်​ကိုဆွဲကာ Omma ဆီ ​လျှောက်​သွားလိုက်​သည်​။

"Mum! ဒါ Sooyeon ​လေ .. Sooyeon က ချစ်​ဖို့​ကောင်းတယ်​ မဟုတ်​လား? Sooyeon ဒါ Tae Omma ​လေ " သူတို့နှစ်​​ယောက်​ကို ကျမ မိတ်​ဆက်​​ပေးလိုက်​သည်​။ Sooyeon က Omma ကို ဦးညွှတ်​ကာ နှုတ်​ဆက်​လိုက်​၏။ သို့​သော်​ ရုတ်​တရက်​ Omma ရဲ့ ဖက်​တာကို ကျမ ခံလိုက်​ရပြီး Omma ဖက်​ရင်းပင်​ စတင်​ငို​တော့သည်​။

DelusionsWhere stories live. Discover now