Tiffany's Pov
Taeyeon နေမကောင်းဘူးလား ? Oh my god! ငါဘာလုပ်ရမလဲ ? ဒါဆို သူက သူ့ရဲ့ စိတ်ကူးနဲ့ ထင်နေတဲ့ လူတစ်ယောက်ကို ချစ်နေတာပေါ့ ? ဒါဆို Sooyeon ဆိုတာ တကယ်မရှိဘူးပေါ့ .. ဒါပေမဲ့ အဲ့လို Taeyeon ကို ကျမမပြောလိုက်နိုင်ဘူး .. ဘယ်လိုလုပ်ပြီး ကျမပြောထွက်မှာလဲ Taeyeon က Sooyeon နဲ့ အတူရှိတယ်ဆိုပြီး သူပျော်နေတာလေ.. ဘယ်လိုလုပ် သူ့ရဲ့ပျော်ရွှင်မှုကို ကျမ ဖျက်စီးဖြစ်နိုင်မှာလဲ..
မှားယွင်းတာတွေ မဖြစ်ခင် တစ်ခုခုတော့ လုပ်မှ ဖြစ်မယ် Tiffany... သူရဲ့ စိတ်ကူးယဉ်မှုတွေက Taeyeon လွတ်မြောက်မှဖြစ်မယ်.. ခုလိုရှုပ်ထွေးတဲ့ ကိစ္စကို ကျမစဉ်းစားနေတုန်းမှာ Taeyeon ရဲ့ တုန်ရီနေတဲ့ အသံကို ကျမကြားလိုက်ရသည်။ သူမ အသံတွေတုန်ကာ ကျမကို မေးနေသည်။
ဖြေတဲ့နေရာမှာ ကျမ ဂရုစိုက်ဖို့တော့လိုသည်။ ဘာလို့လဲဆိုတော့ ကျမ ဘာမှ အမှားအယွင်း မဖြစ်စေချင်လို့ပင်..
"Fany-ah " သူ ကျမရဲ့ လက်ကို ကိုင်ကာ ပြော၏။ ကျန်တဲ့ လက်ကတော့ တစ်စုံတစ်ယောက်ကို ကိုင်ထားသည့် အနေအထားဖြစ်နေသည်။ ထိုလူမှာ Sooyeon ဖြစ်လိမ့်မည်ဟု ကျမ ယူဆသည်။
" Taeyeon-ah " သူဆက်ပြောမှာ စောင့်ရင်း ကျမပြောလိုက်သည်။
" ကျေးဇူးပြုပြီး နင်သူ့ကို မြင်တယ်လို့်ပြောပေးပါ Sooyeon ငါ့ဘေးမှာရှိတယ်လေ နင် သူ့ကိုမြင်တယ် မဟုတ်လား ? "
ကျမ သူ့ကို ဘယ်လိုပြန်ဖြေရမလဲမသိတာကြောင့် အတော်ကြာ ငြိမ်သက်နေမိသည်။
" ငါ့ရဲ့ sooyeon ကို နင်တွေ့တယ် မဟုတ်လား ? "
သူမ အဖြေမရမချင်း မေးနေ၏။ ကျမ သူ့ရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း
" ဒါပေါ့ ! Taeyeon ရဲ့ နင်ပြောသလို ရှင်းရှင်းလင်းလင်းကို ငါသူ့ကို မြင်ရတယ် သူက နင့်ရဲ့လက်ကို ကိုင်ထားပြီး ငါ့ကို ရယ်ပြနေတယ်လေ "ကျမ သူ့ကို ပြုံးရင်း ပြောလိုက်သည်။
YOU ARE READING
Delusions
FanfictionOriginal Story Link - https://www.asianfanfics.com/story/view/1306265 Original Author - Taengsicfreak89