** ဒီကိစ္စ ကို sohyun သိလား...တော်ကြာမင်းတို့နှစ်ယောက်..သူ့ကြောင့်ပြသနာဖြစ်နေအုံးမယ်...**
သူ့အကြောင်းကို...ပြောပြလို့အပြီးမှာ..ထွက်လာတဲ့ baekhyun ရဲ့စိုးရိမ်စကား....။
** သူကငါအဆင်ပြေရင်ရတယ်တဲ့....ငါချစ်တာကိုယုံလို့...အထွေးအထူးဘာမှမပြောချင်တော့ဘူးတဲ့..**
** sohyun ကထင်တာထက်...နားလည်မှုရှိတာဘဲ....ဒါပေမဲ့..မင်းလည်းသတိထားနော်..သူ့စိတ်ကပုံမှန်မဟုတ်တဲ့အပြင်မင်းကိုအသေအလဲစွဲလမ်းနေတော့...အဖြစ်မှန်သာသိသွားရင်...မင်းအတွက်ကော..sohyun အတွက်ကော..အန္တရာယ်ရှိလာနိုင်တယ်....**
baekhyun ရဲ့သတိပေးစကားကို...သူခေါင်းညိတ်ရင်းထောက်ခံကာ...လေပူတချက်မှုတ်ထုတ်လိုက်သည်။
သူဘာဖြစ်လို့များ...လက်ခံလိုက်တာပါလိမ့်...။ လူတစ်ယောက်ရဲ့ဘ၀ကိုကယ်ချင်လို့လား..။
တညလုံး...အနာရှိန်နဲ့..အဖျားတွေတက်ပြီး..ကယောင်ကတမ်းတွေအော်ဟစ်နေတဲ့သူ့ကိုမြင်ယောင်မိပြန်တော့လည်း...သနားစိတ်က၀င်လာပြန်သည်။
သူလည်းအဖျားကျပြီး...မနက်မိုးလင်းခါနီးလောက်မှ....သူ့အိမ်က maid တွေကိုနိုးလာရင်ဆေးတိုက်ဖို့မှာကာ...ဆေးရုံကိုတန်းလာခဲ့သည်။မိုးလင်းလို့..Beakhyun လည်း...ဂျူတီချိန်းပြီးနေတာကြောင့်...နှစ်ယောက်သားနီးစပ်ရာ...ကော်ဖီဆိုင်မှာထိုင်ကာ...မနေ့ညကအကြောင်းတွေကိုသူ့ကိုရှင်းပြနေတာဖြစ်သည်။
** baekhyun .ya..ဒီကိစ္စကိုတော့တခြားလူကိုလျိုဝှက်ထားပေးပါကွာ...**
** ငါနားလည်ပါတယ်ကွာ....ပြောစရာလိုတဲ့ကိစ္စမှမဟုတ်တာ...**
** ကျေးဇူးကွာ....သယ်ချင်း..**
baekhyun ပခုံးကိုအသာပုတ်ရင်း...လေးလေးနက်နက်ပြောလိုက်မိသည်။
** ငါဒီနေ့ခွင့်ယူမယ်ကွာ...sohyun ကိုတော့ဖုန်းဆက်ထားပြီ...မင်းကိုလည်းတခုလောက်အကူအညီတောင်းစရာရှိလို့..**
YOU ARE READING
အမုန်း...ချိုချို အချစ်...ခါးခါး(completed)Zawgyi and Unicode
Fanfiction"သားရယ်...မင်းမလဲ...ဒီဟာတွေဖြတ်ပါတော့ကွာ....park group ရဲ့ဆက်ခံသူကဒီလိုနာမည်ဆိုးထွက်နေတာ...အဖေ့တို့ မျက်နှာကိုထောက်ပါအုံး..." "ဖြတ်မှာမှာပါ....သူတို့ထက်စွဲလမ်းစေမဲ့..အရာရှိတဲ့အခါ...." အရက်..ဆေး..မိန်းမ.မကျန်..မိဘအားကိုးနဲ့ဆိုးရ...