** ဒါကဘာကြီးလဲ...**
စားပွဲပေါ်မှာတင်ထားတဲ့...ဇယားကွက်တွေဆွဲထားသည့်..စာရွက်အဖြူကို...နားမလည်နိုင်စွာနဲ့...ကြည့်ကာ..မောင့်ကိုမေးလိုက်သည်။
သူကတော့ဟန်ပါပါ..လက်ပိုက်ကာ...
** chan အတွက်လေ...chan ကောင်းတာတခုလုပ်ပြီးတိုင်း..ကျွန်တော်က..ဟောဒီစတေကာလေးတခုကပ်ပေးမယ်...စတေကာကနှစ်မျိုးရှိမယ်....😍 smile ပုံ.စတေကာလေးက...chan ရဲ့လုပ်နိုင်တဲ့အရာအပေါ်အကောင်းဆုံးလို့သတ်မှတ်ရင်ပေးမှာ 😠 angry ပုံကတော့...မကောင်းဘူးလို့သတ်မှတ်ရင်ပေးမှာ...အာ့ကြောင့်...တစ်လအတွင်း...smile ပုံစတေကာတွေအများကြီးရအောင်ကြိုးစားပါ..**
ဒီကောင်လေး..သူ့ကိုပြုပြင်ဖို့ကြိုးစားနေတာတကယ်အမှန်အကန်လုပ်တော့မည်ထင်သည်။သူကျေနပ်စွာပြုံးလိုက်ရင်း....
** ကိုယ်မှာအဲ့လောက်တောင်....ဆိုးတဲ့ဟာတွေများနေလို့လား..**
** အင်းးး...ကျွန်တော်အမြင်မှာတော့အားလုံးနီးပါးဘဲ...**
** အဟား...အဲလောက်မပွင့်လင်းနဲ့လေ...ကိုယ်နေရတောင်ခက်တယ်...ဒါနဲ့ပြောကြည့်ပါအုံး...မောင်မျက်လုံးမှာကြည့်မရတဲ့အချက်လေးတွေ...**
ကျွန်တော်ပြောလိုက်တော့...မျက်မှန်ကိုင်းလေးပင့်ကာ...အသေအချာလက်ပိုက်ကြည့်ရင်း...
** ငွေရောင်ဆံပင်..တက်တူး...ဆေးလိပ်..အရက်သောက်ပြီးကားမဆင်မခြင်မောင်းတာ...club တက်တာ...အဆိုးဆုံးက...အရည်းအချင်းရှိရက်နဲ့..ဘ၀ကိုရေစုံမျောပြီး...အရှုံးသမားလိုနေနေတာ....**
သူချပြလိုက်ပြီးမှ...သူဂုဏ်တွေတန်းစီပြီးပေါ်လာရသည့်အဖြစ်...။တော်ပါသေးရဲ့....သူပြောတဲ့အချက်တွေထဲမှာ..သူဆေးစွဲနေတဲ့အချက်မပါလို့...။သူကြိုက်မှာမဟုတ်တာတော့သေချာပါသည်။ သူမရိပ်မိခင်...တဖြည်းဖြည်းဖြတ်ဖို့သူဆုံးဖြတ်ချက်ချလိုက်သည်။
CZYTASZ
အမုန်း...ချိုချို အချစ်...ခါးခါး(completed)Zawgyi and Unicode
Fanfiction"သားရယ်...မင်းမလဲ...ဒီဟာတွေဖြတ်ပါတော့ကွာ....park group ရဲ့ဆက်ခံသူကဒီလိုနာမည်ဆိုးထွက်နေတာ...အဖေ့တို့ မျက်နှာကိုထောက်ပါအုံး..." "ဖြတ်မှာမှာပါ....သူတို့ထက်စွဲလမ်းစေမဲ့..အရာရှိတဲ့အခါ...." အရက်..ဆေး..မိန်းမ.မကျန်..မိဘအားကိုးနဲ့ဆိုးရ...