Part [21]

6.4K 474 103
                                    

ထုံးစံအတိုင်းမနက်​မိုးလင်းလာလို့ မျက်​စိနှစ်​လုံးပွင့်​တာနဲ့ ပထမဆုံးသတိရမိသူဆီရှိတဲ့အခန်းကိုအ​ပြေးအလွှား သွားရတာ​နေ့တ​နေ့ရဲ့ ပထမဆုံးလုပ်​မိတဲ့အလုပ်​...။
အခန်း​ရှေ့​ရောက်​​တော့ တံခါး​ခေါက်​ကြည့်​​ပေမဲ့ ပြန်​ထူးသံမကြားရ​တော့ ​ရေချိုးခန်းဝင်​​နေလို့လားဆို​တဲ့အ​တွေးနဲ့ အခန်းထဲဝင်​ကြည့်​​တော့ သပ်​သပ်​ရပ်​ရပ်​​ခေါက်​ထားသည့်​​ အိပ်​ရာ​​ကြောင့်​ ​ရေချိုးခန်းဝင်​​နေလို့လားဆို့ပြီး ​ရေချိုးခန်းသွားကြည့်​​ပေမဲ့ မရှိ...။

မနက်​​စော​စောစီးစီး သူ့ကိုဘာမှမ​ပြောဘဲ တခါမှဒီလို​ပျောက်​တတ်​တာမဟုတ်​...။ခြံထဲမှာများလား....ဆိုတဲ့အ​တွေးနဲ့ ခြံထဲ​ပြေးဆင်းကြည့်​​ပေမဲ့လည်း ပန်းပင်​​တွေ​ရေ​လောင်း​နေတဲ့ ခြံ​စောင့်​ဦး​လေးအပြင်​မ​တွေ့ရ....။

** ဦး​လေး...kyungsoo ကို​တွေ့လိုက်​​သေးလား...**

** ​တွေ့လိုက်​တယ်​..အကို​လေး..သူ့သူငယ်​ချင်းတစ်​​ယောက်​ကားနဲ့လာ​ခေါ်သွားတယ်​...ဘယ်​သွားမယ်​ဆို​တာ..အကို​လေးကို​ပြောမသွားဘူးလား..**

** ဟုတ်​ကဲ့...ကျွန်​​တော်​လည်း အိပ်​​ပျော်​​နေ​တော့ မနိုးခဲ့တာထင်​တယ်​...**

တစိမ်းလူကြား​ကောင်း​အောင်​​ပြောလိုက်​​ပေမဲ့...​မောင်​ဒီလိုမ​ပြောမဆိုနဲ့ထွက်​သွားတာ​တော့ နည်းနည်း​တော့လွန်​တယ်​လို့ထင်​သည်​။
စိတ်​ပူတတ်​တာ သိရက်​နဲ့..။စိတ်​ပူမှာကိုသိရက်​နဲ့ ​မောင်​အမြဲ အဲလိုအပြုအမှု​တွေကိုလုပ်​တုန်းဘဲ...။

သူဘာမှအရှည်​ကြီးမ​ပြောချင်​​တော့ဘဲ kyungsoo သူငယ်​ချင်းဖြစ်​တဲ့ beakhyun ကိုဖုန်း​ခေါ်လိုက်​သည်​။ ဖုန်းဝင်​သွားပြီးခဏအကြာ.....

** ဟဲလို...**

** beakyun shi လား ကျွန်​တာ် chanyeolပါ ​​မောင်​ရှိလား ဟင်​ beakhyun နားမှာ..**

** ဗျာ...မရှိပါဘူး ကျွန်​​တော်​က​ဆေးရုံမှာတညလုံး night duty ကျလို့ အခုမှထွက်​ရတာ...ဘာဖြစ်​လို့လဲ...kyungsoo ​ပျောက်​သွားလို့လား..**

beakhyun ရဲ့စကား​က သူ့ရင်​ထဲက​သောကမီးကိုပိုပြီး​တောက်​​လောင်​​စေသည်​။
beakhyun နဲ့လည်းမဟုတ်​ဆို​တော့ ဘယ်​က​ကောင်​နဲ့ ထွက်​သွားတာလဲ...။
အ​တွေး​တွေက ​စိုးရိမ်​စိတ်​ကိုပိုပြီး​လောင်​မြိုက်​​စေသည်​။
ဒါမှမဟုတ်​.....
သူ့ဆီက​နေထွက်​သွားပြီလား....။
မဟုတ်​ဘူး​နော်​...​မောင်​...
အဲလိုမဖြစ်​ရဘူး....။ဒီတခါဆိုတည်​ငြိမ်​​နေတဲ့ ​ကိုယ့်​ရဲ့စိတ်​​တွေထပ်​မရိုင်းလာဖို့ ကိုယ်​အာမခံနိုင်​မှာမဟုတ်​ဘူး​နော်​....။
အ​တွေး​တွေ​ယောက်​ယက်​ခတ်​ကာ...​နောက်​ဆုံး ​မောင်​အရင်​ကသွားတတ်​သည့်​​နေရာ​တွေကို လိုက်​ရှာဖို့ဆုံးဖြတ်​လိုက်​သည်​။

အမုန်း...ချိုချို   အချစ်​...ခါးခါး(completed)Zawgyi and Unicode Onde histórias criam vida. Descubra agora