** သား...ပန်းခြံဖက်သွားမလား...**
** ဟုတ်..omma သွားလေ...သားလည်း...လေကောင်းလေသန့်ရှူချင်တယ်..**
ခြေထောက်ကနည်းနည်းလောက်သက်သာလာပေမဲ့....ကျောက်ပတ်တီးတော့မဖြည်ရသေး...။
ဟိုနေ့က...ဒေါက်တာစိတ်တိုလေးပြောသွားသလို...ဆန္ဒရှိရင်...အိမ်မှာနားနားနေနေ..နေလို့ရတယ်တဲ့...။
သူရှိတဲ့ဆေးရုံကနေ...တဖ၀ါးမှမခွာချင်ပေမဲ့...ဆေးရုံနဲ့အိမ် အသွားအပြန်လုပ်နေရတဲ့...အမေ့ကို..အားနာလာသည်။
ဦးစိတ်တိုလေးကို...မတွေ့ရတာ...တစ်ညနဲ့
တစ်မနက်တောင်ရှိသွားပြီ...။
အလုပ်များနေတယ်ထင်တယ်......။ဆေးရုံပန်းခြံလေးက...ပန်းတွေဝေေ၀ဆာဆာနဲ့....ချစ်စရာကောင်းပါသည်။ အဖြူရောင်ခုံးတန်းကြီးတွေအပြင်...ကလေးတွေဆော့ဖို့...ကစားကွင်းသေးသေးလေးလို...လုပ်ထားပေးတော့...လူနာကလေးတွေအတွက်..ဝေဒနာခဏတာမေ့ပျောက်စေနိုင်သည်။
ဆေးရုံဝတ်စုံနဲ့...လူနာတွေ...လူနာသတင်းလာမေးတဲ့သူတွေ....နေရာအသီးသီးမှာ....လာရောက်အပန်းဖြေနေတာတွေ့နေရပါသည်။သူနဲ့အမေလည်း...လူရှင်းတဲ့နေရာတခုမှာရပ်လိုက်ပြီး...အမေကနီးစပ်ရာခုံလေးတခုမှာဝင်ထိုင်လိုက်သည်။ သူကတော့...wheel chairအပေါ်မှာ...။
** ဟင်...ဟိုမှာ...သားကိုဆေးလာထိုးပေးနေတဲ့..ဒေါက်တာလေးမလား..**
အမေ့စကားအဆုံးမှာ....သူဆိုတာနဲ့..ရင်ထဲထိတ်ခနဲ့ခုန်သွားကာ...အမေပြတဲ့နေရာကို...အလောတကြီးလှည့်ကြည့်မိသည်။
ဒါပေမဲ့...နွေးခနဲ့ဖြစ်သွားတဲ့..ရင်ခုန်သံက..မြင်လိုက်ရတဲ့...မြင်ကွင်းကြောင့်...ချက်ချင်းဆိုသလိုအေးစက်သွားကာ.....စိတ်မြန်လက်မြန်နဲ့....wheel chair ကို..ဆွဲလှည့်ပြီး...သူရှိရာကို...ဦးတည်လိုက်ပေမဲ့...အတက်အဆင်းလှေကားနားရပ်ထားတာကို...သူသတိမမှုဖြစ်ခဲ့တာက....ကံဆိုးခြင်းပင်...။ဂွမ်း...ဂလုံ.....ဘုန်း.....
** သား...!!! အမလေး....လုပ်ကြပါအုံး...သားသတိမရတော့ဘူး...**
VOCÊ ESTÁ LENDO
အမုန်း...ချိုချို အချစ်...ခါးခါး(completed)Zawgyi and Unicode
Fanfic"သားရယ်...မင်းမလဲ...ဒီဟာတွေဖြတ်ပါတော့ကွာ....park group ရဲ့ဆက်ခံသူကဒီလိုနာမည်ဆိုးထွက်နေတာ...အဖေ့တို့ မျက်နှာကိုထောက်ပါအုံး..." "ဖြတ်မှာမှာပါ....သူတို့ထက်စွဲလမ်းစေမဲ့..အရာရှိတဲ့အခါ...." အရက်..ဆေး..မိန်းမ.မကျန်..မိဘအားကိုးနဲ့ဆိုးရ...