သူနဲ့ sohyun နှစ်ယောက်သား ဆေးရုံရှေ့ကပန်းခြံလေးမှာ စကားတွေပြောနေတုန်း sohyun ဖုန်းဝင်လာတာမို့...
** ကို ခေါ်နေပြီ..ခွဲခန်းဝင်ရမယ်ထင်တယ်..အရင်သွားနှင့်လိုက်မယ်နော်...**
** အင်း..အင်း...**
sohyun တစ်ယောက် သူရဲ့တုန့်ပြန့်စကားကိုတောင်မစောင့်နိုင်ပြေးထွက်သွားတာ...သူလည်း ပြန်ဝင်တော့မယ်ဆိုပြီး..ထအလာ...
ကားဘရိတ်အုပ်သံအကျယ်ကြီးရယ်...လူတွေရဲ့အော်ဟစ်သံတွေရယ်ကြောင့်...ဘာရယ်မဟုတ်ကြည့်လိုက်တော့....ကားရှေ့မှာပုံလဲနေသည့် sohyun ...။သူမျက်လုံးတွေပြာသွားခဲ့သည်..။ခြေထောက်ကသွေးတွေရယ်...ချစ်သူရဲ့နာကျင်မှုတွေရယ်ကြောင့်...သူဘေးပတ်ဝန်းကျင်ကိုမေ့လောက်အောင်စိုးရိမ်နေခဲ့သည်။ နာကျင်နေတဲ့ချသ်သူကိုရင်ခွင်ထဲဆွဲပွေ့ရင်း သက်သာစေလိုငြားနဖူးကိုဖွဖွလေးနမ်းကာ....အငိုတိတ်စေဖို့ချော့နေမိသည်။ ခြေထောက်က ခြေချင်းဝတ်လုံးဝ ပုံပျက်ပန်းပျက် လည်ထွက်သွားတာ..ကို သူမ မြင်လို့ကြောက်နေတာမို့.....။
** မောင်...**
တိုးတိုးလေးပါ....။
ပတ်ဝန်းကျင်ရဲ့ဆူညံတဲ့အသံတွေကြား....တိုးဝင်လာတဲ့ ...အသံဖျော့ဖျော့လေး.....။
ထိုအသံကြားမှ...ပတ်ဝန်းကျင်ကိုသတိရသွားကာ....ဘေးမှာရပ်နေသည့်လူကိုမော့အကြည့်** chan....**
ဒီလိုအခြေအနေကိုတစ်နေ့နေ့ရောက်လာမယ်ဆိုတာကြိုတွက်ထားပေမဲ့...မထင်မှတ်ထားတဲ့အချိန်မှာ....ဖြစ်ပျက်သွားတာကစောလွန်းခဲ့သည်။
ဒီလိုအဖြစ်အပျက်တွေသာသူသိခဲ့ရင်...ဒေါသထွက်ပြီး...သူ့ကိုမုန်းသွားတာမျိုးဖြစ်ဖြစ်..
နာကျဉ်းပြီး တခုခုပြောခဲ့တာဘဲဖြစ်ဖြစ် အသားနာအောင် ထိုးခဲ့တာမျိုးမျိုးဖြစ်ဖြစ် ..
ဘယ်အရာမဆို ခေါင်းငုံ့လက်ခံဖို့ တွေးထားခဲ့ပြီးသား.....။
VOCÊ ESTÁ LENDO
အမုန်း...ချိုချို အချစ်...ခါးခါး(completed)Zawgyi and Unicode
Fanfic"သားရယ်...မင်းမလဲ...ဒီဟာတွေဖြတ်ပါတော့ကွာ....park group ရဲ့ဆက်ခံသူကဒီလိုနာမည်ဆိုးထွက်နေတာ...အဖေ့တို့ မျက်နှာကိုထောက်ပါအုံး..." "ဖြတ်မှာမှာပါ....သူတို့ထက်စွဲလမ်းစေမဲ့..အရာရှိတဲ့အခါ...." အရက်..ဆေး..မိန်းမ.မကျန်..မိဘအားကိုးနဲ့ဆိုးရ...