နူတ်ခမ်းပေါ်နူးညံ့စွာကျရောက်နေတဲ့အနမ်းတစ်ခုက အိပ်မက်တစ်ခုလို....။တကိုယ်လုံးတိမ်တွေပေါ်ရောက်နေတဲ့ခံစားချက်လို ရင်တွေလှပ်ခနဲ့ လှပ်ခနဲ့ ...။
တကိုယ်လုံးမှာရှိတဲ့အားတွေစုပ်ယူခံရသလို ဒူးထောက်ထားတဲ့ ခြေထောက်တွေ မခိုင်ချင်တော့...။
၁၀စက္ကန့် လောက်သာကြာတဲ့အနမ်းတစ်ခုက ဒီလောက်ထိအင်အားပြင်းထန်တယ်ဆိုတာ ဖြစ်နိုင်ရဲ့လား...။
နီရဲစိုစွတ်နေတဲ့ နီထွေးထွေးနူတ်ခမ်းတစုံ ....ကိုမြင်လိုက်ရတဲ့အခိုက်...ဒါအိပ်မက်မဟုတ်ဘူးဆိုသေချာသွားစေတာလား..။
အသက်ရှုသံတွေမြန်ဆန်နေတဲ့ ဒီရင်ဖက်က အောက်စီဂျင်တွေ တဒင်္ဂလေးပြတ်သွားသလို...။နားလေးနှစ်ဖက်နီရဲနေတဲ့အပြင် ပန်းသွေးရောင်သန်းနေတဲ့ရှက်မျက်နှာလေးနဲ့ ကောင်လေးကတော့ ခေါင်းလေးအတင်းငုံ့လို့....။
ရှက်နေတဲ့ ကောင်လေးကို စချင်တဲ့စိတ်တွေကြောင့်....** ခုနက ဘာပြောတာလဲသေချာမကြားလိုက်ရလို့....**
**.........**
** ကောင်းပြီလေ...မပြောပြလည်း...ထွက်သွားရုံပေါ့....**
** ဟင်...ဘယ်သွားမလို့လဲ...ခင်ဗျားနော်...အလျော့ပေးလိုက်လို့ ..လူကိုလာအနိုင်မကျင့်နဲ့...**
ငိုမဲ့မဲ့ နဲ့ နူတ်ခမ်းလေးစူတူတူလေးဖြစ်နေတဲ့ ကောင်လေးဟာလေ ဘာဖြစ်လို့ဒီလောက်တောင်ချစ်ဖို့ကောင်းနေရတာလဲ..ကွာ..။
လူကို စိတ်မထိန်းနိုင်လောက်အောင်......။** မောင့်မှမဖြေတာ...ကိုယ်မေးတာကို...ဒါလေးတောင်မလုပ်ပေးနိုင်ရင်..ကိုယ်ဘယ်လိုလုပ်မောင့်အနားမှာရှိနေချင်အုံးမှာလဲ...ကိုယ်စကားတောင်အမေးအဖြေလုပ်မရတဲ့လူကို..**
** ချစ်တယ်...ချစ်တယ်....ချစ်တယ်....သိပြီလား....**
မျက်လုံးစုံမှိတ်ပြီး အော်နေတဲ့ ကောင်လေး..။
** ဘယ်သူချစ်တာလဲ....ဟင်..**
မသိဘူး..။နည်းနည်းလေးရစ်လိုက်ရမှ...ကျေနပ်တဲ့ ဗီဇကြောင့်...မေးလိုက်ပေမဲ့...သူဖြေလိုက်တဲ့စကားက..
VOCÊ ESTÁ LENDO
အမုန်း...ချိုချို အချစ်...ခါးခါး(completed)Zawgyi and Unicode
Fanfic"သားရယ်...မင်းမလဲ...ဒီဟာတွေဖြတ်ပါတော့ကွာ....park group ရဲ့ဆက်ခံသူကဒီလိုနာမည်ဆိုးထွက်နေတာ...အဖေ့တို့ မျက်နှာကိုထောက်ပါအုံး..." "ဖြတ်မှာမှာပါ....သူတို့ထက်စွဲလမ်းစေမဲ့..အရာရှိတဲ့အခါ...." အရက်..ဆေး..မိန်းမ.မကျန်..မိဘအားကိုးနဲ့ဆိုးရ...