မင်းအပြုံးတွေအောက်မှာ ငါ့အသက်ရှုသံတွေရပ်သွားတတ်တာမျိုး....
အမိန့်မဆန်တဲ့ စကားတခွန်းမဆုံးခင်....အလိုအလျောက်နာခံပြီးသားဖြစ်နေတာမျိုး...
မင်းမကြိုက်ဘူးလို့ပြောလိုက်တဲ့စကား တစ်ခွန်းမှာ ငါ့ရဲ့ အကြိုက်ဆုံးဆိုတာတွေကိုတောင်
စွန့်လွှတ်နိုင်ခဲ့မျိုး.......အဲ့သလောက်ချစ်ခဲ့ရပါသည် ချစ်သူ ...။
အဆုံးသတ်မှာ မင်းလက်ကိုဆွဲပီး...အလှပဆုံးနေ့ရက်တွေဖြတ်သန်းချင်တဲ့ဆန္ဒတစ်ခုအတွက်...ခေါင်းလေးတချက်ညိတ်လိုက်ရုံနဲ့ပြည်စြုံပါတယ်ချစ်သူ.....
ကျန်တာအားလုံးကိုယ် ဖြည့်ဆည့်ပေးမယ်....~*~*~*~*~*~*~*~*~*~*~*~*~*~*~*~
အချိန်တစ်လ...။
ဟုတ်ပါတယ်..အချိန်တစ်လအတွင်းမှာ...မနေ့က park chanyeol နဲ့ ဒီနေ့ park chanyeol ကွာခြားသွားတာတော့အမှန်ပါ....။မောင်.. မကြိုက်တဲ့ဆေးကိုလည်း..ဖြတ်နိုင်ခဲ့ပြီ။
မောင်.. ကြည့်မရတဲ့ငွေရောင်ဆံပင်တွေကိုလည်း ပြောင်းလဲခဲ့ပြီ ။
မောင်.. မထိုးစေချင်တဲ့ tattoo တွေလည်းမထိုးတော့ဘူး ။
မောင် ..မသွားစေချင်တဲ့ club ကိုလည်း သူမသွားဖြစ်တော့ဘူး..။
မောင်.. ဖြစ်စေချင်တဲ့ လူ့အသိုင်းအ၀ိုင်းမှာဝင်ဆန့်တဲ့ လူဆန်တဲ့လူတစ်ယောက်လည်း ဖြစ်ခဲ့ပြီ...။အံ့သြစရာဘဲနော်..။အချိန်တိုအတွင်းမှာပြောင်းလဲနိုင်ခဲ့တဲ့ ကျွန်တော်...။
အမှောင်ကိုလည်း..အရင်ကလောက်မကြောက်တော့ပေမဲ့ နည်းနည်းတော့ခက်ခဲတုန်း...။ဒါပေမဲ့ ကိစ္စမရှိပါဘူး ။မောင့် ရင်ခွင်မှာအိပ်စက်ရမဲ့နေ့တွေမှာ အမှောင်ကိုရင်ဆိုင်လာနိုင်မှာပါ....။
စိတ်လှုပ်ရှားတိုင်းလည်း...ဖြစ်တည်လာတဲ့..ဒေါသစိတ်နဲ့ရောယှက်နေတဲ့ စိတ်ဖိစည်းမှုကိုလည်း...အနိုင်ယူနိုင်ခဲ့ပြီ...။
အခန်းကျဉ်းလေး တွေ ဥပမာ ဓာတ်လှေကားတွေကို သူစီးနိုင်ခဲ့လေပြီ...။
ESTÁS LEYENDO
အမုန်း...ချိုချို အချစ်...ခါးခါး(completed)Zawgyi and Unicode
Fanfic"သားရယ်...မင်းမလဲ...ဒီဟာတွေဖြတ်ပါတော့ကွာ....park group ရဲ့ဆက်ခံသူကဒီလိုနာမည်ဆိုးထွက်နေတာ...အဖေ့တို့ မျက်နှာကိုထောက်ပါအုံး..." "ဖြတ်မှာမှာပါ....သူတို့ထက်စွဲလမ်းစေမဲ့..အရာရှိတဲ့အခါ...." အရက်..ဆေး..မိန်းမ.မကျန်..မိဘအားကိုးနဲ့ဆိုးရ...