Part [9]

4.8K 437 65
                                    

တကိုယ်​လုံးလည်းမိုး​ရေစိုရွှဲ​နေကာ..ဆိုင်​ကယ်​မိုင်​ကုန်​​မောင်းပြီးလာတာမို့...ရင်​​တွေလည်း​အဆမတန်​ခုန်​​နေပြီး..အခန်း​ထဲမ၀င်​ခင်​စိတ်​ငြိမ်​​အောင်​..အသက်​ကိုလုရှု​နေရသည့်​အဖြစ်​။
အသက်​ရှုသံပုံမှန်​ဖြစ်​ခါမှ...တံခါးကို​ခေါက်​လိုက်​သည်​။

** chan အခန်းထဲမှာရှိတယ်​မလား..တံခါးဖွင့်​ပါ..ကျွန်​​တော်​ Kyungsoo ​လေ...**

တုံ့ပြန်​သံတစုံတရာမကြားရ....။
သူ​စောင့်​မ​နေချင်​​တော့...ယူလာတဲ့​သော့နဲ့တံခါးကိုအ​လောတကြီးဖွင့်​လိုက်​သည်​။
အလင်း​ရောင်​တစုံတရာမရှိသည့်​...အခန်းထဲဘာဆိုဘာမျှမမြင်​ရ​အောင်​...​မှောင်​ပိန်းလျက်​။သူဖုန်းက flash မီးဖွင့်​ပြီးဝင်​လိုက်​သည်​။

** အ....**

ပုလင်းကွဲစတခုကို...သူနင်းလိုက်​မိလို့..ပူခနဲ့ဖြစ်​သွား​ပေမဲ့..ဂရုမစိုက်​အားဘဲ..​ထော့နဲ့​ထော့နဲ့အခန်းထဲကို....ဖုန်းမီးအလင်း​ရောင်​နဲ့အ​လောတကြီးရှာလိုက်​မိသည်​။
အခန်းထဲမှာ...ခွဲထားတဲ့ပစ္စည်း​တွေကလွဲရင်​..ဘာဆိုဘာမှမရှိ...။ရင်​ထဲထိတ်​ခနဲ့ဖြစ်​သွားရကာ...၀ရံတာကများ..မ​တော်​တဆ.....။
အ​တွေးကိုပြီး​အောင်​မ​တွေးလိုက်​နိုင်​...လူကအရင်​ဦးသွားကာ..အ​ပြေးအလွှား ၀ရံတာကိုထွက်​ကြည့်​လိုက်​မိသည်​။..မရှိ...
ဒီ​လိုရှာ​နေတုန်းမှာ....မိုးသံနဲ့​ရော​နေလို့​သေချာမသဲကွဲတဲ့...​ရေကျသံတစ်​ခုကိုကြားလိုက်​ရတာ​ကြောင့်​...ချက်​ချင်း​ရေချိုးတံခါးကိုဆွဲဖွင့်​လိုက်​သည်​။

ကံ​ကောင်းစွာပင်​..တံခါးက​လော့မချထားတာ​ကြောင့်​အဆင်​​ပြေသွား​ပေမဲ့...မြင်​လိုက်​ရတဲ့ မြင်​ကွင်းက...စက္ကန့်​ပိုင်း​မျှ..အရာအားလုံး​အေးစက်​သွားသလိုခံစားသွားရသည်​။

ရေပန်း​အောက်​မှာ..တကိုယ်​လုံး​ရေ​တွေချွဲစိုကာ..ဒူးနှစ်​​ချောင်းကိုလက်​နဲ့ပိုက်​ပြီး...ငုတ်​တုတ်​​လေးထိုင်​ရင်း...မျက်​လုံး​တွေကကျီးကန်း​တောင်း​မှောက်​..ကြည့်​လျက်​။ ပါးစပ်​ကလည်းတတွတ်​တွတ်​​ပြော​နေတဲ့သူ့​ရှေ့မှာ..မုဆိုးဒူး​ထောက်​ထိုင်​လိုက်​ကာ....

အမုန်း...ချိုချို   အချစ်​...ခါးခါး(completed)Zawgyi and Unicode Where stories live. Discover now