မနက်ခင်းရဲ့နေရောင်က မှန်ပြတင်းလိုက်ကာကြားကထိုးထွက်လာကာ သူ့မျက်နှာကိုလာရောက်ရိုက်ခတ်နေတာမို့ သူတကိုယ်လုံးကအပျင်းကြောတွေကိုဆွဲဆန့်ရင်း...နံရံမှာကပ်ထားသည့်နာရီကိုကြည့်လိုက်တော့ နံနက် ၈နာရီ..။
ထဖို့အတွက် ကိုယ်ကိုတွန့်လိမ်ရင်း ကိုယ်ကိုကြွဖို့ကြိုးစားပေမဲ့ သူ့တကိုယ်လုံးကို ခွထားသည့် ပေါင်တန်ုဖြူဖြူလေးနဲ့အတူ....
ရင်ခွင်ကြားမှာသိုင်းဖက်ထားတဲလက်သေးသေးလေးတစုံမြင်လိုက်တဲ့အချိန်နှစ်ခြိုက်စွာပြုံလိုက်ရင်း...သူ့ရင်ခွင်တွေကြားခေါင်းလေးဝှက်ပြီး အိပ်ပျော်နေတဲ့ ကောင်လေးကိုသူတခြမ်းလေးစောင်းအိပ်ကာစိုက်ကြည့်လိုက်သည်။ဆံပင်အုပ်အုပ်လေးတွေအောက်က မျက်ခုံးထူထူလေး ။မျက်တောင်စိပ်စိပ်လေးတွေ တွေဝန်းရံထားတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ
က လွန်ခဲ့ခြောက်လအတွင်း သူ့ကြောင့်ငိုခဲ့ရတာ ပင်ပန်းရောပေါ့...။
ပန်းရောင်သန်းလောက်အောင်နူးညံလွန်းတဲ့ ပါးမို့မို့လေးတွေကြားက စူထွက်နေတဲ့ပန်းသီးလေးလိုနူတ်ခမ်းလေးကို အသဲယားစွာငုံထွေးလိုက်တော့...ရင်ခွင်ကြားကကောင်လေးကလူးလွန့်လာကာ...ခွေး ပေါက်လေးလို သူ့ရင်ခွင်ထဲပိုပိုတိုးဝင်လာသည့်ကောင်လေး...။
** အိပ်ပုတ်လေး...ထတော့လေ...၈နာရီထိုးနေပြီ..**နောက်တကြိမ်နဖူးလေးကို နမ်းပြီးနိုးလိုက်တော့...
YOU ARE READING
အမုန်း...ချိုချို အချစ်...ခါးခါး(completed)Zawgyi and Unicode
Fanfiction"သားရယ်...မင်းမလဲ...ဒီဟာတွေဖြတ်ပါတော့ကွာ....park group ရဲ့ဆက်ခံသူကဒီလိုနာမည်ဆိုးထွက်နေတာ...အဖေ့တို့ မျက်နှာကိုထောက်ပါအုံး..." "ဖြတ်မှာမှာပါ....သူတို့ထက်စွဲလမ်းစေမဲ့..အရာရှိတဲ့အခါ...." အရက်..ဆေး..မိန်းမ.မကျန်..မိဘအားကိုးနဲ့ဆိုးရ...