မီးရောင်စုံတွေနဲ့လှပနေတဲ့ ခရစ်စမတ်သစ်ပင်ကြီးအနားမှာ ဒီဇင်ဘာရဲ့ချမ်းအေးမှုကိုအန်တုပြီး ပျော်ရွှင်စွာ လျှောက်သွားနေတဲ့ မိသားစုတွေ ချစ်သူတွေထဲမှာမှ သူတို့နှစ်ဦးကအနီရောင် မာဖလာဆင်တူလေးတွေနဲ့ တွဲထားတဲ့လက်တွေခိုင်မြဲလို့.....။အောက်ခံအ၀ါနုရောင် ဆွယ်တာလေးပေါ်က ဆယ်စွယ်ရောင်သိုးမွှေးအင်္ကျီလေးနဲ့ မောင်က နှင်းတွေကြားထဲ နှင်းမင်းသားလေးအလား ဖြူဖွေးဥကာ ချစ်ဖို့ကောင်းလွန်းနေသည်။
လည်တိုင်မှာသူနဲ့ဆင်တူ မာဖလာ အနီရောင်ကိုပတ်ထားကာ အေးလွန်းလို့ နှာသီးဖျားလေးတွေနီရဲနေသည့် နှာခေါင်းလုံးလုံးလေးကို အသဲယားစွာ သူနှာခေါင်းဖျားလေးနဲ့ပွတ်တိုက်ရင်း...
** အရမ်းချမ်းနေပြီလား....နှာသီးလေးတွေရဲနေတာဘဲ....**
သူ့အမေးကို မာဖလာနီနီရဲရဲကြားကတိုးထွက်ရင်း ပြုံးပြလာပြီး...
** ခန္ဓာအေးနေပေမဲ့ ရင်ထဲမှာနွေးနေတယ် ကိုရဲ့....ကို ရှိနေလို့လေ....**
သူဝတ်ထားတဲ့အညိုရောင်ကုတ်ရှည်ရဲ့ကော်လံနှစ်ဖက်ကိုကိုင်ကာ....အပြုံးလေးနဲ့ပြောလာတဲ့ကောင်လေး...။
ပြွတ်စ်....😚
ဟင်....😳
နူတ်ခမ်းလေးထော်ကာ အချွဲပိုနေတဲ့ကောင်လေးကိုကြည့်ပြီး စိတ်မထိန်းနိုင်စွာ နူတ်ခမ်းအိအိလေးကို ငုံထွေး လိုက်တော့..မျက်နှာလေးနီပြီး..ဘေးမှာသွားနေတဲ့လူတွေ တွေ့သွားမလားဆိုပြီး
ပြူးပြဲကြည့် ကာ ....** ကို...နော်...လူတွေကြားထဲမှာ...**
** စကားတတ်တဲ့ နူတ်ခမ်းလေးကိုအသည်းယားလာလို့...ဘာလဲမနမ်းရဘူးလား....**
** ဟင့်အင်း...နောက်တခေါက်နမ်းပေး လို့**
ပြောပါတယ်...
ကျွန်တော့ကောင်လေးက ကပ်ချွဲလေးပါဆို...
လူတွေကြားထဲမှာ မျက်လုံးလေးပိတ်ခေါင်းလေးမော့ပြီး အနမ်းခံဖို့စောင့်နေတဲ့ အနှီကောင်လေးရဲ့မျက်နှာလေးကို မက်မောစွာကြည့်ရင်း...လူတွေအလည်မှာ romance public kiss ကိုဖန်တီးဖို့စိတ်ကူးများစွာနဲ့ကပ်အလာ...
ESTÁS LEYENDO
အမုန်း...ချိုချို အချစ်...ခါးခါး(completed)Zawgyi and Unicode
Fanfic"သားရယ်...မင်းမလဲ...ဒီဟာတွေဖြတ်ပါတော့ကွာ....park group ရဲ့ဆက်ခံသူကဒီလိုနာမည်ဆိုးထွက်နေတာ...အဖေ့တို့ မျက်နှာကိုထောက်ပါအုံး..." "ဖြတ်မှာမှာပါ....သူတို့ထက်စွဲလမ်းစေမဲ့..အရာရှိတဲ့အခါ...." အရက်..ဆေး..မိန်းမ.မကျန်..မိဘအားကိုးနဲ့ဆိုးရ...