** kyungsoo ya....တခုခုထစားပါအုံးကွာ...ဒီလိုချည်းဘဲနေတော့မှာလား...**
စောင်ပုံကြားခေါင်းလေးပေါ်ရုံလောက်သာခြုံထားပြီး..သူ့အမေးကို ခေါင်းသာခါပြသည်။
ဒီပုံစံမြင်လေ...ဟိုကောင်ကိုသွားသတ်ချင်စိတ်ပေါ်လေဖြစ်သည်။
သတ်ချင်လည်းသိပ်အဝေးကြီးသွားစရာမလို...အိမ်ရှေ့မှာ...ဒူးထောက်နေတာနှစ်ရက်ရှိပြီ...။
အထဲကတစ်ယောက်လည်း...ဘာမှမစားဘဲအိပ်ရာပေါ်မှာ...လူသေတစ်ယောက်လိုအိပ်နေတာနှစ်ရက်ရှိပြီ...။ကြားထဲကသူဘဲသေလိုကက်ချင်သည်။Flash back..start....
📲📲📲📲📲
အာရုဏ်ဝေလီဝေလင်းလောက်မှာဝင်လာတဲ့ဖုန်းသံကြောင့်...baekhyun စိတ်ပျက်သွားရသည်။ အစက မကိုင်ဘဲနေမလို့ဘဲ...ဒါပေမဲ့ kyungsoo ဆီကဆိုတော့ကိုင်လိုက်မိသည်။
kyungsoo ကအရေးတကြီးကိစ္စမရှိဘဲမဆက်တတ်တဲ့လူဖြစ်လို့...ဘာများဖြစ်လို့ဒီအချိန်ကြီးဖုန်းဆက်ရတာလဲ...။ sohyun များဘာဖြစ်လို့လဲပေါ့...။ sohyun ကားတိုက်ပြီး..ခြေချင်းဝတ်လည်သွားလို့ ကျောက်ပတ်တီးစည်းထားရသည်။ အတွေးများစွာနဲ့ ဖုန်းကိုင်လိုက်တော့...** Baekhyun ya....ငါ့ကိုလာခေါ်ပေးပါ.**
အသံကတိုးပြီးအားမရှိသလိုမျိုးဖြစ်နေတော့...သူစိုးရိမ်သွားရသည်။ အချိန်ကလည်း အပြင်မှာမှောင်တုန်း...မနက် ၃ နာရီကျော်...။
** အေ..kyungsoo လာခဲ့မယ်...မင်းအခုဘယ်မှာလဲ...အသံကဘာဖြစ်နေတာလဲ...**
** လိပ်စာပို့ပေးလိုက်မယ်...မြန်မြန်လာခဲ့ပေးပါ...ကျေးဇူးပြုပြီး..**
မကောင်းတဲ့အငွေ့အသက်တွေရနေသလို...အိပ်ချင်တဲ့စိတ်ပျောက်ကာ..ဖုန်းနဲ့ အိတ်ကိုယူပြီး...ကားကိုမိုင်ကုန်မောင်းထွက်ခဲ့လိုက်သည်။
လာခိုင်းတဲ့လိပ်စာကလည်း သူမသိတဲ့နေရာ..။ဒီလိုနေရာမှာ ဒီကောင်လေးအချိန်မတော်ဘာလုပ်နေတာပါလိမ့်....။
ပိုတွေးလေ...သူငယ်ချင်းအတွက်ပိုစိုးရိမ်လာရလေဖြစ်သည်။
CZYTASZ
အမုန်း...ချိုချို အချစ်...ခါးခါး(completed)Zawgyi and Unicode
Fanfiction"သားရယ်...မင်းမလဲ...ဒီဟာတွေဖြတ်ပါတော့ကွာ....park group ရဲ့ဆက်ခံသူကဒီလိုနာမည်ဆိုးထွက်နေတာ...အဖေ့တို့ မျက်နှာကိုထောက်ပါအုံး..." "ဖြတ်မှာမှာပါ....သူတို့ထက်စွဲလမ်းစေမဲ့..အရာရှိတဲ့အခါ...." အရက်..ဆေး..မိန်းမ.မကျန်..မိဘအားကိုးနဲ့ဆိုးရ...