ကျွီ......
တံခါးဖွင့်သံ သဲ့သဲ့....
ဂျိုင်းထောက်ကိုအားပြုရင်း....သားအခန်းထဲကိုဝင်လာမိသူက Mr. park...။ဒုတိယအကြိမ်ခွဲစိတ်ပြီးလို့ ထင်တာတာထက်ကောင်းလာတဲ့အခြေအနေကြောင့် ကိုးရီးယားကို မြန်မြန်ပြန်လာဖို့ဆုံးဖြတ်ခဲ့သည်။ လာမဲ့နေ့သားကိုဖုန်းဆက်ပေမဲ့ မကိုင်တာကြောင့် လင်မယားနှစ်ယောက် ဖုန်းထပ်မဆက်တော့ဘဲ အတွင်းရေးမှုးကိုသာ လာကြိုခိုင်းခဲ့သည်။ကိုးရီးယား ရောက်တော့ အချိန်က မနက်သုံးနာရီလောက်ဘဲရှိသေးတော့ ကားပေါ်ကဆင်းပြီး မနိုးသေးတဲ့သားကိုနိုးပြီး surprise လုပ်မယ်ပေါ့...။ နှစ်ယောက်သား လိမ်မာလာတဲ့သားရဲ့ပုံစံကို အရမ်းတွေ့နေတာကြောင့် သားအကြောင်းတပြောပြောနဲ့ အပေါ်ထပ်သို့အသွား....
ဆံပင်တွေဖရိုဖရဲနဲ့ တကိုယ်လုံးဖြူဖျော့ပြီး ယိုင်တိုင်တိုင်နဲ့ပြေးထွက်လာတဲ့ ဟိုဒေါက်တာလေးပုံစံကြောင့် နှစ်ယောက်သား မျက်လုံးအ၀ိုင်းသားနဲ့ .....။
ကောင်လေးကလည်းမျက်လုံးသေတွေနဲ့ကြည့်ကာ ဘာတခုမှမပြောဘဲ သူတို့ဘေးနားကဖြတ်ပြေးသွားတာကြောင့် ဘာမေးလို့မေးရမှန်းမသိပေမဲ့....
အခြေအနေအချိန်အခါက မကောင်းတာတခုခုဖြစ်နေပြီဖြစ်ကြောင်းကို
ဖရိုဖရဲဖြစ်နေတဲ့ သူ့ပုံစံရယ် နူတ်ခမ်းတောင့်နားမှာ ရထားတဲ့ဒဏ်ရာတွေရယ် ပြီးတော့.....အဲ့ကောင်လေးနောက်က ခါးဝတ်တဘတ်တခုသာပတ်ပြီး အပေါ်ပိုင်းဗလာကျင်းနေတဲ့ ကိုယ်နဲ့ အူးယားဖားယားထွက်လာတဲ့ သူ့သားပုံစံရယ်ကြောင့်...Mr.park မေးစရာမလိုဘဲနဲ့ သိသွားခဲ့ပြီ ။သားကတော့ အခန်းရှေ့မှာရပ်နေတဲ့ သူတို့နှစ်ယောက်ကြောင့် ရုတ်တရက်အံသြသွားတဲ့ပုံ...။
** appa .....!! omma...!! **
** သား...သား ..chan လေး appa ထင်နေတာမဟုတ်ဘူးမလား...**
သူ့သားအကြောင်းသူအသိဆုံး...။ဆိုးပေမဲ့ မယုတ်မှာတတ်ဘူး..။သူများသားသမီးအပေါ် ဒီလိုလုပ်ရပ်မျိုးလုပ်မှာမဟုတ်ဘူး...။ ဒါလေးတခုတည်းနဲ့တင် သားဆိုးသမျှကို သူသည်းခံ့ခဲ့တာ...။ဒါပေမဲ့...သားရဲ့စကားတခွန်းကသူ့ဆန္ဒကိုမပြည့်ဝစေခဲ့ပါ..။
ВЫ ЧИТАЕТЕ
အမုန်း...ချိုချို အချစ်...ခါးခါး(completed)Zawgyi and Unicode
Фанфик"သားရယ်...မင်းမလဲ...ဒီဟာတွေဖြတ်ပါတော့ကွာ....park group ရဲ့ဆက်ခံသူကဒီလိုနာမည်ဆိုးထွက်နေတာ...အဖေ့တို့ မျက်နှာကိုထောက်ပါအုံး..." "ဖြတ်မှာမှာပါ....သူတို့ထက်စွဲလမ်းစေမဲ့..အရာရှိတဲ့အခါ...." အရက်..ဆေး..မိန်းမ.မကျန်..မိဘအားကိုးနဲ့ဆိုးရ...