ZawGyi version
Bangtan High School
ဆိုးလ်မြို့တွင် အလွန်နာမည်ကြီးလှသောကျောင်း...
ကျောင်းရဲ့ခမ်းနားမှုကတော်ရုံတော့မဟုတ်..
သူဌေးမိသားစု မှဆင်းသက်လာသော သူများသာ တတ်နိုင်သောကျောင်း..။ထိုကျောင်းတော်ကြီး ရဲ့ ကျောင်းဝန်းထဲသို့
အရှိန်ပြင်းပြင်းမောင်းဝင်လာသောပြိုင်ကားနီနီလေး....။မကြာပါ..
ကျောင်းဝန်းတစ်နေရာတွင်ကားရပ်ကာ ကားတံခါးဖွင့်၍ဆင်းလာသော ကောင်လေးတစ်ယောက်။
"ဟေ့ကောင် Min jimin !!!!!"
အဝေးမှပြေးလာသောကောင်လေးက ကားပေါ်မှဆင်းလာသော jimin နာမည်ကို ခေါ်ကာပြေးဖတ်သည်။
"ဘာလဲ tae hyung "
"ဘာမှတော့မဟုတ်ဘူး ဒီတိုင်းမင်းကိုတွေ့လို့"Tae hyung ပြောသည်ကို jimin စိတ်အလိုမကျပုံဖြင့် မျက်မှောင်ကြုတ်ကာ
"ဟုတ်လို့လား tae hyung ငါဝင်လာတော့မှမင်းလိုက်လာတာမလား"
Jimin အမေးကို tae hyung ကခေါင်းညိတ်ပြသည်။ မညိတ်လို့မရ သူ့အကြောင်းjimin အကုန်သိနေတာကို။
ဟုတ်ပါသည်။ jimin ဝင်လာတော့မှ သူလည်း ကျောင်းဝန်းထဲဝင်လာတာပါ။ မဟုတ်ရင် အနိုင်ကျင့်ခံရလိမ့်မည်။ kim tae hyung ဆိုတာ စာတော်သည်။ သို့သော် ချမ်းသာသူတော့မဟုတ်။
မိဘမဲ့ဂေယာမှာကြီးပြင်းလာသူမို့ သူ့ဆိုနှိမ်ချင်ကြသည် ။ သို့သော် jimin တော့မပါ။
အချိန်ပိုင်းအလုပ်,လုပ်လျက် ကျောင်းတတ်နေရသူ။ ဒီလိုကျောင်းမှာတတ်နိုင်ဖို့ဆိုတာတော်ရုံမဟုတ်။ သူ စာကြိုးစားကာ scholarship ရအောင်ဖြေပြီး တတ်နေရခြင်း.....။
သို့သော် jimin ကတော့သူ့လိုမဟုတ်။ jimin အဖေ min သူဌေး က ဒီကျောင်းမှာ ရှယ်ယာ ဝင်ထားသူ။ တော်ရုံလူ jimin ကိုရန်မမူရဲ့။ ရန်မူလို့လည်းမရ...။ မဟုတ်ရင် သူဌေးmin လက်ချက်မိသွားမည်။
အရာရာဆန့်ကျင်ဖက်ဖြစ်နေသော
သူနဲ့jiminသည် ဘယ်ရေစက်ကြောင့်သူငယ်ချင်းလာဖြစ်နေသလဲတော့မသိ။ ကျောင်းစတတ်တဲ့နေ့မှာ မအူမလည်ဖြစ်နေသောသူ့ကို ကျောင်းသားတွေအနိုင်ကျင့်နေခြင်းမှ လာကယ်ပေးသူမှာ jimin....။