Zawgyi
ပြတင်းပေါက် မှဖြာကျလာသောနေရောင်ခြည်နွေးနွေးကြောင့်
Yoon Giတစ်ယောက်မျက်လုံးတို့အားဖြေးညှင်းစွာဖွင့်မိသည်။ထိုစဉ် ရင်ဘတ်ထက်မှလေးလံလှသောအရာကြောင့်အနည်းငယ်ခေါင်းထောင်ကာကြည့်လိုက်တော့...ခပ်တင်းတင်းစိထားသောနှုတ်ခမ်းပါးများကအနည်းငယ်ကွေးညွှတ်သွားသည်။
သူ့အားတင်းကျပ်စွာဖက်ထားရင်း
အိမ်မက်ကမ္ဘာထဲသို့သွားရောက်လည်ပတ်နေသော ကလေးငယ်။
ခေါင်းထဲဝင်ရောက်လာသောအသိအချို့ ကြောင့်ကုတင်ဘေး ခုံပေါ်မှနာရီအားအကြည့်ရောက်မိသည်။ မနက်၇နာရီရှိလေပြီ။ရင်ခွင်ထဲမှအကောင်ငယ်လေးအားနိုးသွားမည်စိုးသောကြောင့် ဖြေးညှင်းစွာ ဖယ်ရှားရင်း ..သူလည်း ထလိုက်သည်။ သူကုမ္ပဏီသွားရအုံးမည်မဟုတ်ပါလား။ထို့နောက် အိပ်ပျော်နေသောကလေးငယ်အား မနှောင့်ယှက်ချင်၍ သေချာစွာပြန်လည်နေရာချပေးပြီး ခြေရင်းရောက်နေသောစောင်အား ယူကာ ခြုံပေးတော့ လှုပ်လှုပ်ရှားရှားဖြစ်လာသောကလေးငယ်။
ထို့နောက် အနည်းငယ်ဖောင်းဖောင်းအစ်အစ်ဖြစ်နေသော မျက်ခွံလေးများကအနည်းငယ်ပွင့်ဟလာသော
ကြောင့်.......ကလေးငယ်၏နဖူးပေါ်ဝဲကျနေသော
ခပ်အုပ်အုပ်ဆံပင်လေးများအား သပ်တင်ပေးလိုက်ရင်း......"နိုးပြီလား" ဟုမေးတော့ မျက်လုံးများအား လက်ကလေးများဖြင့် ပွတ်ကာ' အင်း ....အဲ '
ခေါင်းညိတ်ပြလာသည်။ နှုတ်ခမ်းဖူးဖူးကလည်း ဆူထော်နေသေးသည်။ကျနော်ခပ်ဟဟရီလိုက်မိသည်ထင်သည်။ကြည့်နေရင်အသည်းယားလာသောကြောင့်
မလုပ်ဖြစ်တာကြာပြီဖြစ်သော အလုပ်တစ်ခုအား သတိလက်လွတ်ဖြင့်လုပ်လိုက်မိသည်။ခပ်ပါးပါးကျွန်တော့်နှုတ်ခမ်းပါးတို့ကို
ဖျားထား၍နီရဲရဲဖြစ်နေသော ကလေးငယ်၏နဖူးပြင်အား ထိကပ်စေလိုက်မိခြင်း..................။အသိစိတ်တွေပြန်ဝင်လာတော့
ပူရှိန်းရှိန်း ခံစားချက်များနဲ့အတူ မတ်ခနဲဖြစ်သွားသောခါး။ ထို့နောက် ပူထူနေသောမျက်နှာပြင်အား တစ်ဖက်သို့လှည့်လိုက်ပြီး