Zawgyi version
ဒီနေ့ရာသီဥတုသာယာသည်။
သို့သော်..... Jimin၏ရာသီဥတုကတော့မသာယာပါ။
အကြောင်းမှာအခြားမဟုတ်။ကျောင်းကိစ္စ......။ဒီနေ့ကJune 17။ အဖေများနေ့ ဖြစ်သည်။ထို့ကြောင့် ကျောင်းတို့၏ထုံးစံအတိုင်း
Happy father dayအတွက် ကျောင်းအုပ်ကြီး ကအုပ်ထိန်းသူခေါ်လာခိုင်းခြင်း...။သို့သော် Jiminအတွက်အုပ်ထိန်းသူဆိုတာ
သူ၏ချစ်လှစွာသောPa Pa....Min Yoon Giမဟုတ်ပါလား။ ထို့ကြောင့် Yoon Giအား
ခေါ်သင့် မခေါ်သင့်စဉ်းစားရကြပ်နေ၍ Yoon Giအခန်းရှေ့တွင်ဝေ့လည်ကြောင်ပတ်ဖြစ်နေသည်။လက်မှနာရီကိုကြည့်လိုက်တော့...ကျောင်းသွားဖို့မလိုတော့။ ထို့ကြောင့် ခိုင်မာသောဆုံးဖြတ်ချက်ချလိုက်ကာ အခန်းတံခါးအားခေါက်လိုက်သည်။
ဒေါက် ဒေါက်
တံခါးခေါက်လိုက်တော့ 'ဝင်လာခဲ့' ဟူသောခွင့်ပြုချက်ကြောင့်ဝင်သွားလိုက်တော့...
အလုပ်သွားရန်ပြင်နေပြီဖြစ်သော Pa Pa...။
အမဲရောင်ဆံပင်တွေကနဖူးထပ်ဝဲကျနေကာ
နီညိုရောင်ရှပ်အင်္ကျီအားအမဲရောင်စတိုင်Pant နဲ့တွဲဝတ်ထားသည့်Pa Paကအရမ်းစမတ်ကျလွန်းသည်။ကိုယ့်ကိုယ်ကိုယ်ငုံ့ကြည့်လိုက်တော့ ရွှေအိုရောင်ဆံပင်နဲ့အသားရောင်နှင့်အဖြူ ရောင်ရောထားသည့်ကျောင်uးniform...။
လုံးဝကိုကလေးစတိုင်နဲ့... ။သက်ပြင်းချလိုက်မိသည်။ ကျွန်တော်လည်းဘယ်တော့မှ gentleman typeဖြစ်မှာလဲ။"အဲ့မှာဘာရပ်လုပ်နေတာလဲ "
Pa Paအသံကြောင့်ကျွန်တော်Pa Paအားကြည့်လိုက်သည်။ အနီမကျအညိုမကျNecktieအားစည်းရန်ပြင်နေသည်။ကျွန်တော်လည်း Pa Paရှေ့သွားလိုက်ရင်း Pa Paလက်ထဲမှ Necktieအားယူကာစည်းပေးလိုက်သည်။
ထိုအခါ ကျွန်တော့် အားမယုံသင်္ကာဖြင့်ကြည့်လာသော Pa Pa..။"ဘာလို့ကိုယ့်ကိုလာဖားနေတာလဲ"
Pa Pa အမေးကိုပြန်မဖြေဘဲခေါင်းငုံ့မိလိုက်သည်။ထိုအခါ...ကျွန်တော်အားမေးဖျားမှဆွဲမော့ကာအကြည့်ချင်းဆုံစေသည်။
"ပြောလေ ဘာလို့ကိုယ့်ကိုလာဖားနေတာလဲလို့"
"ဟို...ဟိုလေ.."