Zawgyi
စားပွဲပေါ်တင်ထားတဲ့ဖိုင်တွဲတွေကြား
ခေါင်းနှစ်ကာအလုပ်ရှုပ်နေသော အသက်၃၈ နှစ်အရွယ်လူကြီးတစ်ယောက်။*ဒေါက် ဒေါက် *
တံခါးခေါက်သံကြောင့်
ဝင်ခဲ့ပါ ဟုအသံပြုလိုက်တော့
အခန်းထဲသို့ဝင်လာသော သက်လတ်ပိုင်းအရွယ်လူငယ်တစ်ယောက်...ထို့နောက်လူငယ်လေးကထိုလူကြီးထိုင်ရာစားပွဲရှေ့သွား၍
"ဆရာ စုံစမ်းခိုင်းထားတာတွေရလာပါပြီ""အင်း ထားခဲ့ပြီးလုပ်စရာရှိတာသွားလုပ်တော့"
လူကြီးအားအရိုအသေပေးကာ ပြန်လည်ထွက်သွားသော လူငယ်လေး။
ထို့နောက်ထားခဲ့သောဖိုင်တွဲလေးအားဖွင့်ဖတ်အပြီးလက်ချောင်းများကရင်းနှီးပြီးသားဖုန်းနံပါတ်တစ်ခုဆီသို့..........
⚜⚜⚜⚜⚜
Yoon Gi' pov"ဟုတ်ကဲ့ အဲ့တာဆိုဖုန်းချလိုက်တော့မယ်နော်"
ဒီနေ့ ကုမ္ပဏီမှာ အရေးကြီးကိစ္စ ရှိလို့,မြန်မြန်လာပါလို့ အတွင်းရေးမှူးလီ ဖုန်းဆက်လို့ ကျနော်နဂိုကထက်စောစောသွားရသည်။ ထို့ကြောင့် ကလေးငယ်အား မနှိုးဖြစ်ခဲ့။သို့သော် ကျနော် ကုမ္ပဏီသွားရာလမ်းတစ်လျောက် ကားမောင်းနေရင်း အဒေါ်ကြီးဆီက ဖုန်းလာလို့ကိုင်လိုက်သည်။ ဒီနေ့ Jimin အစောကြီးနိုးသည်တဲ့လေ။ ဘယ်လောက်တောင်အံသြဖို့ကောင်းလဲ။
နဂိုကျနော်နိုးတောင်တော်ရုံနဲ့မနိုးတဲ့ကလေးက အခုတော့နိုးစရာတောင်မလိုတော့ဘူးလေ။
အင်း...စဉ်းစားကြည့်မိတော့နည်းနည်းတော့
စိတ်မကောင်း ကျနော့်ကလေးလေး အရွယ်ရောက်လာပြီထင်ပါ့။ နဂိုလိုကျနော့်ကိုမလိုတော့လောက်အောင် ရင့်ကျက်လာပြီထင်ပါ့။ ထိုမှတစ်ဆင့်တက်၍နောက် သုံးလေးနှစ်ကြာလျှင်............
.
.
.
.
.
.
.
.
ကျနော်ဆိုတာမလိုအပ်တော့လောက်ဘူးထင်ပါ့။ကျွီ!! ကျနော်ကိုယ့်အတွေးနဲ့ကိုစဉ်းစားရင်းကားမောင်းလာတာ လူတစ်ယောက် ကိုတိုက်လိုက်မိသည်ထင်တယ်။တော်သေးသည်က ဘရိတ်ကိုအချိန်မီအုပ်လိုက်မိတာပင်။
ကျနော်လည်း တုံ့ဆိုင်းမနေဘဲကားပေါ်မှမြန်မြန်ဆင်းလိုက်ပြီး တိုက်မိသောသူထံလျှောက်သွားလိုက်သည်။