ZawGyi
Jiminတို့နဲ့နှုတ်ဆက်အပြီး အချိန်ပိုင်းအလုပ်,လုပ်ရာ Storeဆိုင်လေးသို့Tae Hyung ရောက်လာခဲ့သည်။ ဆိုင်ရောက်တော့ နေ့လည်ပိုင်းတာဝန်ပြီးသွားသော Noonaကသူ့အားနှုတ်ဆက်ပြီးပြန်သွားသည်။ ကျောင်းသားဖြစ်သောသူ့အတွက်တော့ မနက်ပိုင်းကျောင်းတတ်, ညနေအချိန်ပိုင်းအလုပ်လုပ်ပြီးညဆိုစာကြည့်သည်။ကျောင်းပိတ်ရက်တွေဆိုလျှင် မနက်ပိုင်း Jiminတို့နှင့်စာကြည့်သည်။ Storeဆိုင်လေးမှရသောလခသည် သိပ်များများစားစားမဟုတ်သော်လည်းတစ်ကိုယ်တည်းသမားဖြစ်သောသူ့အတွက်တော့ဖူလုံသည်လေ။
ထို့ကြောင့်သူလည်းပဲဈေးဆိုင်ကောင်တာလေးဆီသို့သွားကာ ဝယ်သူအလာကိုစောင့်နေလိုက်သည်။ ဒါသူ့အတွက်ဖြစ်နေကျတစ်နေ့တာ။
"ဟုတ်ကဲ့ ကောင်းကောင်းသွားပါ"
ဝယ်ယူထားသမျှအားကောင်တာ၌ငွေရှင်းကာထွက်သွားသောဝယ်ယူသူအား Tae Hyung ခါးညွှတ်ကာ အရိုအသေပေးလိုက်ရင်း မျက်ဝန်းများက ဆိုင်အပြင်သို့ပို့မိသည်။
ဒီနေ့လည်းတစ်နေ့တာကုန်ဆုံးသွားပြန်ပြီ။
⚛⚛⚛⚛⚛
အချိန်ပိုင်းအလုပ်ချိန်ပြီး၍တစ်နေ့တာလုပ်အားခအား ယူကာ အိမ်သို့ပြန်ရန် storeဆိုင်အပြင်သို့ခြေလှမ်းမိသည်။ကောင်တာမှပိုနေသောသကြားလုံးတစ်လုံးအားအခွံခွာကာ ပါးစပ်ထဲသို့ပစ်သွင်းရင်းStoreဆိုင်အပြင်ဖက်သို့ထွက်လာခဲ့သည်။
"Tae hyungie, hyung"
Storeဆိုင်အပြင်ရောက်တော့ မိမိနာမည်အားခေါ်လာသူကြောင့် Jung kook ထင်ကာဆိုင်အနီးပတ်ဝန်းကျင်အားကြည့်လိုက်တော့....
ဘယ်သူမှမရှိ။ Jung Kookနဲ့တူသောအရိပ်အယောင်ပင်မရှိ။မဟုတ်။ ရှိသည်.. လူတစ်ယောက်။ အင်္ကျီ စပို့ရှပ် အမဲကို အပေါ်မှ leather jacket ကိုထပ်ဝတ်ထားသည်။ အောက်မှာ style pants အမဲရောင်အားဖြဲထားသေးသည်။ ခါးနားတွင်လည်း အဝါနှင့်အမဲရောင်ကွတ်ကြားပဝါအားချည်ထားသေးသည်။ ဦးထုပ်အမဲအားဝတ်ကာခေါင်းငိုက်စိုက်ထားသောကြောင့် မျက်နှာအားရှင်းလင်းစွာမမြင်ရ။
Storeဆိုင်မျက်စောင်းထိုးအုတ်နံရံအားကျောမှီကာ ရပ်နေသည်။ လက်ထဲတွင်လည်း အမဲရောင်ကြွပ်ကြွပ်အိတ်ကြီးကိုင်လျက်...။
ကျောက်ရုပ်ပမာရပ်နေသောထိုသူသည်မိမိအားခေါ်မည်မဟုတ်ဟုတွေးမိသောကြောင့် Tae hyung အိမ်သို့သာပြန်ရန်တွေးလိုက်ရင်း သွားရန်ပြင်တော့.......။