ZawGyi
"ကဲ ဒီနေ့တော့ဒီလောက်ဘဲ နောက်နေ့မှကျန်တာဆက်ကြတာပေါ့"
"Nae"
ဆရာမ၏စကားကိုအားတတ်သရော
ပြန်ဖြေသောကျောင်းသား ကျောင်းသူများ...။ထို့နောက် အတန်းပြင်သို့ တဝုန်းဝုန်း ပြေးထွက်သွားကာ canteen ဆီသို့.....။
"ဟေ့ကောင် canteen သွားမယ်ထ"
Break time ဖြစ်သော်လည်း ခုံမှာသာ ထိုင်မြဲထိုင်နေသော Tae Hyung ၊
ကျွန်တော် ဗိုက်ဆာနေပြီဖြစ်၍စိတ်မရှည်စွာ
ခေါ်လိုက်သည်။ဒါတောင်ထိုသကောင့်သားကမထုံတတ်သေးနဲ့"Jimin ငါ..မလိုက်တော့ဘူးလေ မင်းဟာမင်းဘဲသွားလိုက်တော့နော်"
Tae Hyung အပြောကို ကျနော်အလိုမကျစွာမျက်မှောင်ကြုတ်ပြလိုက်
တော့ အလိုလိုနေရင်ငုံ့သွားသောခေါင်း။တကယ် မသိရင်ခက်မယ် tae hyung
မင်းအကြောင်းငါမသိဘူးများထင်နေတာလား။"လာပါကွာ tae hyung ရာ ငါဝယ်ကျွေးမယ်လေ"
ထိုအခါ အရောင်လတ်သွားသော မျက်လုံးတွေနဲ့ မော့ကြည့်လာသော Tae
မင်းဗိုက်ဆာနေတာငါသိတယ် tae hyung။"ရပါတယ်Jiminရာ ငါတကယ်ဗိုက်မဆာလို့ပါ"
Tae hyung အပြောကို ကျနော် ဟုတ်လို့လား ဆိုသောအကြည့်နဲ့မျက်ခုံးတစ်ဖက်ပင့်ပြ
လိုက်တော့သည်။ထိုအခါ နဂိုလိုခေါင်းပြန်ငုံကာ
"ကျေးဇူး"ဆိုသော စကားစုတို့tae hyung နှုတ်ခမ်းဖျားမှထွက်ကြလာသည်။ကျနော်လည်း tae hyung လည်ပင်းကိုသိုင်းဖတ်ကာ ခြေလှမ်းများက centeen ဆီသို့...
▪▪▪
"ကျနော် ဒီမှာထိုင်လို့ရမလား"
ကျနော်နဲ့ tae hyung
ထမင်းထိုင်စားနေချိန် ကျနော်တို့ စားပွဲဝိုင်းလာကာ ထိုင်ခွင့်တောင်းသော ကောင်လေး ကြောင့် ကျနော်တို့နှစ်ယောက်လုံး မော့ကြည့်မိသည်။ထမင်းဗန်းလေးကိုင်ပြီးကျနော်တို့ဝိုင်းရှေ့ရပ်ကာထိုင်ခွင့်တောင်းနေသောကောင်လေး။ မဟုတ်...မနက်ကကျနော်တို့ကို
ဝင်တိုက်သွားသောကောင်။