ZawGyi
Min အိမ်တော်ခြံဝန်းကြီးထဲသို့
အကြမ်းဗတန်းမောင်းနှင်လာသော ကားလေးတစ်စီး။ကားလေးရဲ့ပိုင်ရှင်သည်ကား ထိုအိမ်တော်ကြီး၏ပိုင်ရှင် Min GroupသူဌေးကြီးMin Yoon Gi.....အိမ်တော်၏အရှေ့တွင်ကားရပ်လိုက်ပြီးသည်နှင့် Yoon Giတစ်ယောက်ကားအား Parking ပင်မထိုးနိုင်။ကားစက်သတ်ကာ အိမ်ထဲသို့အလျင်အမြန်ဝင်မိသည်။
အိမ်ထဲရောက်တော့ Yoon Giအားလာကြိုသောအဒေါ်ကြီး....
"ပြန်လာပြီလား Yoon Gi လေး"
အဒေါ်ကြီးမေးခွန်းအား ပြန်မဖြေနိုင်တော့။ ထို့ထက် ပိုအရေးကြီးသော မေးခွန်းအားမေးမိသည်။
"အဒေါ်ကြီး ကလေးငယ် ရော "
ထိုအခါအဒေါ်ကြီးကပြုံး၍....
"Jimin လေးကအပေါ်ထပ်မှာလေ... Yoon Gi လေး...."
အဒေါ်ကြီး၏စကားကိုပြီးအောင်နားမထောင်ဘဲ အပေါ်ထပ်သို့ပြေးတတ်လိုက်သည်။ ကလေးငယ်ရှိရာ အခန်းငယ်သို့......
ရုံးမှာ ဟိုတယ်လ် ကိစ္စနဲ့အလုပ်တွေရှုပ်နေတုန်း ဖုန်းဆက်လာသော အဒေါ်ကြီး။ အဒေါ်ကြီးပြောသောစကားတွေက ကျနော့်ရင်ကိုအတိုင်းအဆမဲ့စွာပူလောင်စေသည်။ အကြောင်းကားကလေးငယ် နေမကောင်းဖြစ်နေသည်တဲ့လေ။ ကြား,ကြားချင်း စိုးရိမ်စိတ်တွေကအတိုင်းမရှိမြင့်တတ်လာသည်ကဒိန်းခနဲ။ ကလေးငယ်သည် ငယ်ငယ်ကတည်းကချူ ချာသည်။ ခဏခဏနေမကောင်းဖြစ်တတ်သည်။ ထို့ကြောင့် အရိပ်တကြည့်ကြည့် ဖြင့်စောင့်ကြည့်နေရသည်။သို့သော် ကလေးငယ်သည် သူ၏ခံစားမှုတွေကိုကြိုတ်မှိတ်ခံစားတတ်သောသူ။ တော်ရုံနဲ့ဖွင့်ပြတတ်သူမဟုတ်။ ထို့ကြောင့်ပင် ကျနော်မှာကလေးငယ်အား အမြဲဂရုတစိုက်နှင့်စောင့်ရှောက်နေရခြင်းဖြစ်သည်။ ထိုကလေးငယ်တစ်ခုခုဖြစ်လျှင်အရင်ဆုံးရင်ကျိုးရမည့်သူမှာကျနော်ပင်မဟုတ်ပါလား။
အပေါ်ထပ်အရောက်အပြာရောင်အခန်းတံခါးအားဖွင့်ကာ ကြည့်လိုက်တော့...............
ကုတင်ထပ်ဝယ် ကွေးကွေးလေးအိပ်နေသော ကလေးငယ်...ဘာတွေများဖြစ်လာလို့ နေမကောင်းဖြစ်ရတာပါလိမ့်။
ခြေဖွကာကုတင်နားသွားရင်း ကလေးအိပ်နေရာကုတင်ထက်တင်မလွဲထိုင်လိုက်ရင်း ကလေးငယ်နဖူးအားစမ်းမိသည်။