Zawgyi
"ရောက်လာပြီလား သူဋ္ဌေးMin "
ရုံးခန်းရှေ့မှာစောင့်နေသော
အတွင်းရေးမှူးLee ကကျနော့်ကိုလည်းမြင်ရော စ၍နှုတ်ဆက်သည်။ ကျနော့်လည်း ခေါင်းညိတ်၍ပြန်လည်အသိအမှတ်ပြုလိုက်ပြီး"သူတို့စောင့်နေကြတာကြာပြီလား"
"သိပ်မကြာသေးပါဘူး သူဌေး Min"
ထို့နောက်ရုံးခန်းထဲဝင်လာတော့
ကျနော့် ရုံးခန်း ဧည့်သည်ထိုင်ရာဆိုဖာပေါ်တွင်
ကျကျနနထိုင်ကာ ကျနော့်အလာကိုစောင့်နေသော သူဌေး Park အား....."စောင့်နေရတာကြာပြီလား ဗျ "
ကျနော်အသံပြုလိုက်တော့ သူဌေး Park က
"မကြာသေးပါဘူး" ဟုပြောသည်။ ကျနော်လည်း သူဌေးParkရှေ့ ဆိုဖာတွင်ဝင်ထိုင်လိုက်ရင်း
"အားနာပါတယ်ဗျာ ကျနော်လည်း လမ်းမှာကိစ္စလေးတစ်ခုကြောင့်နောက်ကျသွားတာ"
"ရပါတယ် ဗျာ "ဟုပြောပြီး ကျနော့်အား ပြုံးပြသော သူဌေးPark
ကျနော်လည်းပြန်ပြုံးပြရင်း
"ကျနော့်တွေ့ချင်တာ ဘာကိစ္စများရှိလို့လဲ"
"အာ...ဟုတ်တယ် သူဌေး Minကိုကျေးဇူးတင်ချင်လို့ ဟိုတစ်ခေါက်ကကိစ္စလေ အခုအဆင်ပြေပြေနဲ့ပြီးသွားပြီ"
ဟိုတစ်ခေါက်ကကိစ္စဆိုတာ ကျနော်ရှယ်ယာဝင်ထားသော
သူဌေးPark ဘူဆန်မှာဆောက်မည့်ဟိုတယ်လ်
အတွက်မြေနေရာကိုပြောခြင်းဖြစ်သည်။
မြေကွက်နေရာဈေးညှိမရ၍ ကျနော်ဝင်ကာ ဈေးညှိပေးရခြင်း ။ Park groupနဲ့ Min group ပေါင်း၍ ဘူဆန်တွင် ဆောက်လုပ်မည့် အဆင့်မြင့် ဟိုတယ်လ်။"ရပါတယ်ဗျာ Business partnerတွေဘဲ"
"ဒါပေါ့ဗျာ"
ကျနော်တို့နှစ်ယောက်လုံးသဘောကျစွာရီလိုက်ကြသည်။ ပြီးနောက် သူဌေး Parkက
"ကဲ အဲ့တာဆိုကျနော်ပြန်တော့မယ် သူဌေး Min"
"LA ကိုလား ဗျ "
မနေနိုင်ဘဲကျနော်မေးလိုက်မိသည်။ ဟုတ်သည်လေ ။ ဟိုတယ်လ်ကဆောက်ရန်ဘဲကျန်တော့သည်။ ဒီလောက်ဆို သူဌေး Parkသည် LAကိုပြန်၍ရနေပြီမဟုတ်ပါလား။