Zawgyi
Yoon Giတစ်ယောက်လုပ်လက်စအလုပ်တွေ
အကုန်ရပ်ကာ ညောင်းကိုက်နေပြီဖြစ်သော မျက်ကြောတို့ကြောင့် လက်ညှိုးနှင့်လက်မအားအသုံးပြုကာဖိထား
လိုက်ရင်း ဆုံလည်ထိုင်ခုံနောက်မှီအား မှီချလိုက်သည်။သူအခု ကိုရီးယား ပြန်ရောက်နေသည်မှာရက်အနည်းငယ်ကြာပြီ
ဖြစ်သည်။ ပြန်ရောက် ရောက်ချင်းကလေးငယ်အားတွေ့ချင်သော်
လည်း ကလေးငယ်ကမရှိ။သူငယ်ချင်းတွေနဲ့သွားနေသည်တဲ့လေ။ ဖုန်းဆက်တော့လည်းမကိုင်သောဖုန်းကြောင့်
သူစိတ်ပူရသည်။ အဒေါ်ကြီးအားမေးကြည့်တော့ ပြန်လာမှာပါဟု သာပြောသည်။ကျောင်းကိုဖုန်းဆက်တော့လည်း ကလေးငယ်ကတော့ မလာတာ ရက်အနည်းငယ်ရှိပြီ တဲ့။ သူမတွေးတတ်တော့။ ကလေးငယ်မှာသူငယ်ချင်းတစ်ဦးတည်းရှိတာသိရက်နဲ့ ထိုသူငယ်ချင်း နဲ့ရင်းနှီးအောင်မလုပ်ခဲ့မိတာနောင်တရမိသည်။
အနည်းဆုံးတော့ နာမည်လေးတော့သိသင့်သည်မဟုတ်ပါလား။ဒေါက် ဒေါက်
အခန်းတံခါးခေါက်သံကြောင့် Yoon Giလည်း
တွေးနေတာတွေကိုရပ်ကာ ကိုယ်ကိုပြန်မတ်လိုက်ရင်း 'ဝင်ခဲ့ပါ' ဟုပြောလိုက်တော့ ပွင့်လာသော တံခါးနှင့်အတူ ဝင်လာသည်က အတွင်းရေးမှူးLee"ဧည့်သည်ရောက်နေပါတယ် သူဌေးMin"
သူခေါင်းညိတ်ပြလိုက်တော့ ပြန်လည်ထွက်သွားသော အတွင်းရေးမှူးLee နောက်ဝင်လာသူက သူဌေး Park
"လာပါ သူဌေး Park" ဆိုကာ ရုံးခန်းဧည့်ဆိုဖာမှာဝင်ထိုင်လိုက်တော့ သူရှေ့မျက်နှာချင်းဆိုင်မှာ ထိုင်သော သူဌေး Park
"ဘာကိစ္စရှိလို့်ပါလဲ သူဌေး Park"
သူဆိုတော့......။သူဌေး Parkက ဝတ်ထားသော အနောက်တိုင်းဝတ်စုံအားအနည်းငယ်ဆွဲချ
လိုက်ရင်း...."လာနှုတ်ဆက်တာပါ သူဌေးMin"
သူ့စိတ်ထဲအနည်းငယ်အလိုမကျဖြစ်သွားသော်လည်း
"အဲ့တာဆိုသူဌေးParkကLAပြန်တော့ဖို့လား"
"ဟုတ်ကဲ့ ဒီကဟိုတယ်လ်ကလည်းဆောက်ပြီးပြီဆိုတော့ ပြန်လိုက်တော့မလားလို့"