Zawgyi
ကုတင်ပေါ်မှာ ထိုင်နေရင်းအကြည့်တို့ကိုကုတင်ဘေးပြတင်းပေါက်သို့ပို့မိသည်။
ဒီနေ့နေသာသည်။ကြည်လင်နေသောရာသီဥတုနှင့်အတူ Jiminစိတ်တို့သည်လည်းကြည်လင်နေသည်။
ထိုကြည်လင်နေသောစိတ်လေးအား ပို၍ကြည်လင်စေရန် သီချင်းသံချိုချိုလေး နှင့်ပါရမီဖြည့်စေသည်။ကုတင်ဘေးစားပွဲပေါ်တင်ထားသောဖုန်းနှင့်
နားကြပ်ကိုယူလိုက်သည်။ မနေ့ကမှDownloadဆွဲထားသောBTSအဖွဲ့ဝင်
Sugaရဲ့soloသီချင်း seesawကိုဖွင့်ကာနားကြပ်တပ်လိုက်သည်။
ထို့နောက်သီချင်းသံအားလိုက်ညည်းရင်းဘေးနားမှခေါင်းအုံးကိုယူပေါင်ပေါ်တင်ပြီးပြတင်းပေါက်အပြင်မှမယ်မယ်ရရမရှိသောမြင်ကွင်းများအားကြည့်နေလိုက်သည်။အတွေးတွေကတော့ဟိုတစ်စသည်တစ်စပျံလွင့်လျက်..............ရောက်တတ်ရာရာတွေးနေတုန်း တံခါးပွင့်သံကြောင့်လှည့်ကြည့်မိတော့....Pa Pa
တပ်ထားသောနားကြပ်များကိုဖြုတ်လိုက်ပြီး Pa Paအားကြည့်မိသည်။"နေကောင်းရဲ့လား Jimin"ဟုမေးရင်းကျွန်တော့်ကုတင်ပေါ်တင်မလွဲထိုင်လိုက်သည်။
"ကောင်းပါတယ်"ဟုဖြေလိုက်တော့ သက်ပြင်းချသံနဲ့အတူစိတ်ပူသလို
ပြောလာသည်။"မင်းတစ်နေ့လုံးအိမ်ထဲမှာအခန်းအောင်းနေတော့ နေမကောင်းဘူးထင်နေတာ"
နှုတ်ခမ်းနှစ်ဖက်တွန့်ရုံလောက်သာပြုံးပြလိုက်သည်။ထို့နောက် ကျွန်တော့်ခေါင်းပေါ် သွေးကြောစိမ်းစိမ်းတို့ယှက်ဖြာနေသော လက်ဖဝါးတစ်ဖက်ကနူးနူးညံ့ညံ့ကျရောက်လာသည်။ကျွန်တော်ကတော့ခေါင်းငုံ့လျက်....
"မနေ့ကတောင်းပန်တယ်နော်"
သက်ပြင်းချသလိုဆိုလာတဲ့Pa Paစကားသံ။
ကျွန်တော်မျက်လုံးတို့လှန်ကြည့်လိုက်သည်။
ခေါင်းပြန်ငုံ့ရင်း 'ရပါတယ်' ဟုပြောလိုက်သည်။
Pa Paနှုတ်ခမ်းစွန်းတို့အနည်းငယ်ကွေးညွှတ်သွားတယ်ထင်သည်။ထို့နောက် ကျွန်တော့်နားကြပ်တစ်ဖက်အားဆွဲယူရင်း.....
"ဘာသီချင်းတွေနားထောင်နေတာလဲ"
ခဏခဏ repeat လုပ်ထားသောသီချင်းလေး....
"Seesaw"
သီချင်းနာမည်ကြားတော့Pa Paမျက်နှာရှံ့မဲ့သွားသည်။