Prologue

961 68 0
                                        

Unicode (zawgyi below)

Prologue

Yuta's POV

ကျွန်တော်အခန်းနံရံမှာချိတ်ထားတဲ့ ပိုစတာတစ်ခုကိုပထမဆုံးမြင်လိုက်ရတယ်

ကျွန်တော့်ရဲ့မျက်လုံးနှစ်လုံးစဖွင့်တဲ့အချိန်မှာပေါ့။ မနက်တိုင်း အိပ်ရာနိုးရင် ကုတင်ခြေရင်းဘက်မှာကပ်ထားတဲ့ဒီပိုစတာကိုမြင်နေရတာ နှစ်ပေါင်းတော်တော်ကြာခဲ့ပြီဖြစ်သည်။

ဒီပိုစတာကိုစကပ်တုန်းက အမြဲဖုန်သုတ်ပြီး သ နေခဲ့တတ်တဲ့ကျွန်တော်ဟာ ၃ နှစ်ကြာခဲ့ပြီးနောက်မှာ ဖုန်တက်ရုံတင်မက ပင့်ကူအိမ်ပါတွယ်နေပြီဖြစ်တဲ့ဒီပိုစတာကို ဒီအတိုင်းထားထားတတ်တဲ့ကျွန်တော်အဖြစ်ပြောင်းလဲလာခဲ့တယ်

ဒီပိုစတာတစ်ခုတည်းမဟုတ် ကျွန်တော့်တိုက်ခန်းထဲကပိုစတာ ၄ ခုလုံးဒီအတိုင်းဖုန်တက်ကာ ဖုန်တွေအောက်မှာတင်ကွယ်ပျောက်ခါနီးဖြစ်နေခဲ့တာ ၃ နှစ်ကြာခဲ့ပြီပေါ့

မနက်တိုင်း အိပ်မက်ထဲကနေတဖန်ရှင်သန်လာတဲ့အချိန်တိုင်း ဒီပိုစတာကိုတန်းမြင်နေရတာက ကျွန်တော့်ကိုရင်နင့်စေတဲ့အရာတစ်ခုဖြစ်တယ်။

ကျွန်တော် နာရီကိုလှမ်းကြည့်လိုက်တော့ မနက် ၇ နာရီဖြစ်တယ်။ မထချင်သေးတာနဲ့ အကြောဆန့်ဖို့အချိန်လေးနည်းနည်းဆွဲလိုက်ဦးမယ်ဆိုပြီး ဘေးဘက်ကိုလှိမ့်ချလိုက်တယ်။

လှမ်းမြင်လိုက်ရတာက ကျွန်တော့်ရဲ့စာကြည့်စားပွဲသာဖြစ်တယ်။

Manga စာအုပ် ၄ အုပ်ကစီစီရီရီနဲ့စားပွဲပေါ်မှာအထပ်လိုက်ကလေးတင်ထားတယ်။ ဘေးကနေ Manga စာအုပ်တစ်ခုချင်းစီရဲ့နာမည်တွေနဲ့ author နာမည်ကိုမြင်နေရတယ်။ ဒီစာအုပ် (၄) ခုဟာလည်း ကျွန်တော့်တိုက်ခန်းထဲမှာကပ်ထားတဲ့ ပိုစတာ (၄) ခုလိုဖုန်တက်နေခဲ့တာ (၃) နှစ်ကျော်ခဲ့ပြီ

မြင်နေရတဲ့ Manga စာအုပ်လေးတွေပေါ်က author နာမည်ကိုကျွန်တော်ဆက်ငေးကြည့်နေမိတယ်။ Nakamoto Yuta ဆိုတဲ့ author နာမည်တစ်ခုကိုကျွန်တော်မျက်လုံးသေတစ်စုံနဲ့ကုတင်ပေါ်မှာဘေးစောင်းလှဲနေရင်းငေးကြည့်နေမိခဲ့တယ်။ Manga စာအုပ်ပေါ်က author နာမည်ဟာ ကျွန်တော့်နာမည်ဖြစ်နေတာကိုက ကျွန်တော့်အတွက်အထူးအဆန်းတစ်ခုပဲ။

I'll Sleep Beside You Where stories live. Discover now