Unicode (zawgyi below)
Yuta's POV
"woah!!! လှလိုက်တာ!!! Yuta San ဒီဘက်ကိုကြည့်ဦး ဒီလောက်လှတဲ့ lavender ပန်းခင်းတစ်ခါမှမမြင်ဖူးသေးဘူး"
ကျွန်တော့်အနောက်က Win Win ကပြောလာလို့ကျွန်တော့်ရဲ့ဘယ်ဘက်ကိုလှည့်ကြည့်လိုက်တယ်။
ခရမ်းရောင်လွင်ပြင်တစ်ခုကိုကျွန်တော်မြင်လိုက်ရတယ်။ တိုက်ခတ်နေတဲ့လေပြည်ညှင်းညှင်းဆင်းလျှောက်ဖို့ရည်ရွယ်ပြီးခင်းထားတဲ့ ခရမ်းရောင်ကတ္တီပါကော်ဇောတစ်ခု....
လေယူရာယိမ်းနေတဲ့ Lavender ပန်းတွေရဲ့ရနံ့ကညနေစောင်းရဲ့ ထိတွေ့ကိုင်တွယ်လို့မရတဲ့ကြည်နူးမှုကိုပေးနေခဲ့တယ်။
ရပြီးရင်းထပ်ရချင်လာတဲ့ သူ့ရနံ့ဟာ ကျွန်တော့်ရဲ့လောဘစိတ်အတွက် ရမ္မက်ဆိုတာကိုချန်ထားခဲ့တယ်
အနည်းငယ်မှောင်လာတဲ့ပတ်ဝန်းကျင်အခြေအနေကြောင့် ကျွန်တော် Lavender ပန်းခင်းရှေ့မှာရပ်လိုက်တယ်
ရိုးတံရှည်ရှည်နဲ့ ခရမ်းရောင်ဝတ်စုံဝတ်ထားကြတဲ့ Lavender ပန်းတွေက ရှည်လျားကြတယ် ခန့်ခန့်ကြီးနဲ့လှတဲ့ ပန်းတွေဟာ ကွင်းအပြည့်မှာ တစ်စုတစ်ရုံးနေထိုင်နေကြတော့ သူတို့နားသွားပြီး သူတို့အလှကိုခိုးယူခံစားဖို့တောင်စိုးရွံံမိတယ်
ကျွန်တော် Lavender ပန်းခင်းထဲကိုကြည့်လိုက်မိတော့ ဦးလေးကြီးတစ်ယောက်ကိုမြင်လိုက်ရတယ်
ကျွန်တော်ထိုလူကြီးကိုအရိပ်အယောင်ပြလိုက်တော့ အဲ့လူကြီးကကျွန်တော်တို့ရပ်နေတဲ့ ခြံတံခါးဝဆီကိုလျှောက်လာတယ်
ညနေခင်းလေပြည်ကအဆက်မပြတ်တိုက်နေလို့ ကျွန်တော့်ရှပ်အင်္ကျီကကော်လံက ကျွန်တော့်လည်ပင်းကိူလာရိုက်နေတယ်။ ဆံပင်တိုတိုလေးတွေကလည်း ဟိုဝဲဒီဝဲနဲ့။
"ဘာဖြစ်လို့လဲ? ဘာကူညီရမလဲ"
အရမ်းဖော်ရွေပြီးရိုင်းပင်းတတ်တဲ့ဦးလေးကြီးကကျွန်တော်တို့ကိုစစတွေ့ချင်း ဒီလိုမေးလာခဲ့တယ်
ကျွန်တော်လည်း ပြောဖို့အားနာနေပေမယ့် ဒီလိုမေးလာတာကိုကြားလိုက်ရတော့အားတက်သွားတယ်

ESTÁS LEYENDO
I'll Sleep Beside You
FanfictionThis fic is written in both Unicode and Zawgyi Unicode ကျွန်တော်ကသူ့ကိုချစ်တယ် သူကကျွန်တော့်ကိုအဝေးကနေပဲချစ်ချင်တယ် ကျွန်တော်ကသူ့အတွက်စွန့်စားတယ် သူကကျွန်တော့်ကို အဝေးကိုတွန်းထုတ်တယ် ကျွန်တော်ကသူ့အတွက်မိုက်ရူးရဲဆန်တယ် သူကကျွန်တော့်ကိုနာကျင်မှုတွေနဲ...