Unicode (zawgyi below)
Yuta's POV
အိပ်နေရင်းက ကျွန်တော်နေရာရွှေ့အိပ်တဲ့အနေနဲ့ ဟိုဘက်ကိုတစောင်းလှိမ့်ချလိုက်တယ်
ရုတ်တရက်မျက်လုံးဖွင့်ကြည့်မိတော့ ၁၂ ကျော်ဆိုတဲ့သန်းခေါင်ကျော်အချိန်ကိုရောက်နေပြီဖြစ်တယ်
ကျွန်တော်ခေါင်းထဲကိုအတွေးတစ်ခုကမဖိတ်ခေါ်ဘဲခုန်ဝင်လာလို့အလန့်တကြား အိပ်ရာပေါ်မှာတင်ထထိုင်လိုက်မိတယ်
ကျွန်တော်တွေးလိုက်မိတာက ကျွန်တော့်ကိစ္စမဟုတ်တဲ့ ကျွန်တော့်ရဲ့စိတ်ဓာတ်ကျနေတဲ့အကြောင်းအ
ရာတစ်ခုခုနဲ့ပတ်သက်မှုမရှိတဲ့ အရေမရအဖတ်မရတဲ့အကြောင်းတစ်ခုသာဖြစ်တယ်
ထိုအကြောင်းဟာ ကျွန်တော့်ရဲ့တိုက်ခန်းထဲမှာရှိမနေတဲ့ကိစ္စဖြစ်တယ်။ ကျွန်တော်ရှိနေတဲ့တိုက်ခန်းအပြင်ဘက်မှာသာဖြစ်တည်နေလောက်မယ်
အင်း
ဟိုကောင်လေး Hotel လည်းမပြန်တတ်ဘူး
ကျွန်တော်မှလိုက်မပို့ရင် သူဒီမှာပဲနေမယ်လို့ပြောထားတယ်လေ
မဆီမဆိုင်ကွာ
ငါ့နှယ့်
ဘာလို့သူ့အကြောင်းကိုတွေးလိူက်မိတာလဲ
ကျွန်တော်နဲ့သူနဲ့ကအလွတ်ကြီးကို
သူတိုက်ခန်းရှေ့မှာ ရှိနေသေးလား မရှိတော့ဘူးလားဆိုတာကိုကျွန်တော်လိုက်တွေးနေစရာမလိုဘူး
သူနဲ့ကျွန်တော်ကဘာမှပတ်သက်တာမဟုတ်
ဒီလိုတွေးနေရင်းက ကျွန်တော်တိုက်ခန်းတံခါးကိုဂျောက်ခနဲဖွင့်လိုက်မိတယ်
ကျွန်တော်ထင်နေတဲ့အတိုင်းပဲ ထိုကောင်လေးကကျွန်တော့်တိုက်ခန်းရဲ့အပြင်မှာရှိနေသေးတယ်။
နံရံလေးမှီပြီး သူ့ကျောပိုးအိတ်လေးကိုပိုက်ရင်းငိုက်နေတဲ့ အဝါရောင်အင်္ကျီနဲ့ကောင်လေးတစ်ယောက်
ငိုက်နေတဲ့ပုံစံကိုက ကြက်ပေါက်လေးတစ်ကောင်အိပ်နေတဲ့ပုံနဲ့
"ဟေ့ အထဲဝင် လူမြင်လို့မကောင်းဘူး"
ညသန်းခေါင်ကလည်းကျော်နေပြီမို့ တခြားတိုက်ခန်းကလူတွေကိုအနှောင့်အယှက်မဖြစ်စေချင်တာနဲ့ ကျွန်တော်အသံကိုခပ်အုပ်အုပ်သာပြောလိုက်တယ်

YOU ARE READING
I'll Sleep Beside You
FanfictionThis fic is written in both Unicode and Zawgyi Unicode ကျွန်တော်ကသူ့ကိုချစ်တယ် သူကကျွန်တော့်ကိုအဝေးကနေပဲချစ်ချင်တယ် ကျွန်တော်ကသူ့အတွက်စွန့်စားတယ် သူကကျွန်တော့်ကို အဝေးကိုတွန်းထုတ်တယ် ကျွန်တော်ကသူ့အတွက်မိုက်ရူးရဲဆန်တယ် သူကကျွန်တော့်ကိုနာကျင်မှုတွေနဲ...