Unicode (zawgyi below)
Win Win's POV
Author Yuta ရဲ့အကြောင်းတွေကျွန်တော် search list မှာအက်ကြောင်းထပ်နေအောင်ရှာကြည့်ခဲ့ဖူးတယ်။ ဒါပေမယ့် သူ့ရဲ့ထုတ်ဝေထားတဲ့ Manga ၄ အုပ်နဲ့ အဲ့ ၄ အုပ်ရဲ့ဇာတ်လမ်းအတိုချုပ်တွေ recommand တွေ နဲ့ သူ့ပရိသတ်ရဲ့ feedback တွေကိုသာတွေ့ခဲ့ရတယ်
ကျွန်တော်ချစ်တဲ့ author တစ်ယောက်ကဘယ်လိုလူလည်းဆိုတာကျွန်တော်မသိခဲ့ရသလို မြင်လည်းမမြင်ခဲ့ဖူးဘူး
အပြင်မှာသာ ပထမဆုံးအနေနဲ့တွေ့ရခဲ့ရင်ဆိုပြီးအကြိမ်ကြိမ်တောင့်တမိတာဟာ ကျွန်တော်တင်မက ကျွန်တော့်အဘိုးကပါစိတ်ညစ်စေခဲ့ရတယ်။
တစ်ခါလောက်တော့ သူ့ကိုမြင်ဖူးချင်ပါရဲ့
ကျွန်တော်တစ်ယောက်တည်းသာမဟုတ်ဘဲ သူ့ရဲ့ပရိသတ်တွေအကုန်လုံးလည်းသူ့ကိုမမြင်ဖူးကြဘူး။ လူမြင်ကွင်းကိုသူလူကောင်ထွက်မပြခဲ့တာဟာ သူ Manga author စဖြစ်တဲ့အချိန်ကတည်းကဖြစ်တယ်
သူဟာဘယ်လိုလူမျိုးလည်းဆိုတာကျွန်တော်မသိပေမယ့် လျှို့ဝှက်လွန်းတဲ့လူတစ်ယောက်လို့ဝေဖန်သုံးသပ်ပြီးအားမလိုအားမရနဲ့အပြစ်တင်နေခဲ့ဖူးတယ်
လူတွေ့ခံလိုက်ရင်ဘာဖြစ်မှာမို့လို့လဲ ဆိုတဲ့စကားကိုကျွန်တော် သူ့ရဲ့ Manga စာအုပ်တွေကိုကြည့်ရင်း ဘယ်နှစ်ကြိမ်မှန်းမသိပြောရင်းအပြစ်တင်ခဲ့ဖူးတယ်
ဒါဟာ ကျွန်တော့်ရဲ့ ဒီ author ကိုအရမ်းရူးသွပ်နေတဲ့စ်တ်ကြောင့်ဖြစ်လာတဲ့ အမုန်းမပါတဲ့အပြစ်တင်မှုတစ်ခုသာဖြစ်တယ်။
အမေခိုင်းတဲ့အတိုင်း ဟင်းလျာတွေကိုခင်းထားတဲ့စားပွဲပေါ်မှာတည်ခင်းလိုက်တယ်
ဟင်းလျာတွေအကုန်စုံသွားတော့ ကျွန်တော်တို့တွေဘိုးဘေးတွေကိုတရိုတသေနဲ့ကန်တော့ကြတယ်
ကန်တော့ပြီးတာနဲ့နာရီကိုကြည့်လိုက်တော့ Author Yuta ရဲ့ radio အစီအစဉ်စမယ့်အချိန်နဲ့ကွက်တ်ဖြစ်နေတာကြောင့် ကျွန်တော်ဖုန်းနားကိုကပ်ဖို့ရွယ်လိုက်တယ်။ အဲ့အချိန်မှာအမေဖြစ်သူက ကျွန်တော့်ကိုလှမ်းခေါ်လာလေတယ်

YOU ARE READING
I'll Sleep Beside You
FanfictionThis fic is written in both Unicode and Zawgyi Unicode ကျွန်တော်ကသူ့ကိုချစ်တယ် သူကကျွန်တော့်ကိုအဝေးကနေပဲချစ်ချင်တယ် ကျွန်တော်ကသူ့အတွက်စွန့်စားတယ် သူကကျွန်တော့်ကို အဝေးကိုတွန်းထုတ်တယ် ကျွန်တော်ကသူ့အတွက်မိုက်ရူးရဲဆန်တယ် သူကကျွန်တော့်ကိုနာကျင်မှုတွေနဲ...