I'll Sleep Beside You Ch-2

410 50 0
                                        

Unicode (zawgyi below)

Win Win's POV

"Hai 6 ခုမြောက်မေးခွန်းကတော့ အနှစ်သက်ဆုံးအချိန်တွေကဘာတွေလဲတဲ့ ပြီးတော့ တစ်စုံတစ်ယောက်ဆီကလက်ဆောင်ရခဲ့မယ်ဆိုရင်ဘယ်လိုလက်ဆောင်မျိုးကိုလိုချင်လဲတဲ့ ဘယ်လိုလူမျိုးကိုချစ်ခင်တတ်လဲလို့လည်းမေးထားသေးတယ်"

"အနှစ်သက်ဆုံးအချိန်တွေကတော့ ကျွန်တော်စိတ်ချမ်းသာတာလုပ်နေရတဲ့အချိန်တွေဖြစ်လိမ့်မယ် hahah လက်ဆောင်ရမယ်ဆိုရင်တော့ ကိုင်တွယ်လို့မရ မမြင်ရဘဲ ကျွန်တော့်ကိုပြုံးအောင်လုပ်နိုင်တဲ့အရာမျိုးကိုလိုချင်တယ် ကျွန်တော့်ရဲ့နေ့စဉ်ဘဝကိုထူးထူးခြားခြားပြောင်းလဲစေမယ့်လူမျိုးကိုကျွန်တော်ဘေးနားမှာနေစေချင်လောက်တဲ့အထိချစ်ခင်မိမှာ"

"အချိန်ယတ္တရားတွေပြန်လည်ပတ်လို့ရခဲ့မယ်ဆိုရင် Yuta San ရဲ့အလိုချင်ဆုံးအချိန်တစ်ခုကိုသိချင်ပါတယ်တဲ့ နောက်ဆုံးမေးခွန်းလေးကတော့ Yuta San ရဲ့အသားအရောင်နဲ့အရပ်ကိုသိချင်ပါတယ်တဲ့ Yuta San ကိုအမြဲအားပေးအမြဲချစ်နေမယ့် Win Win လို့ပါရေးထားပါတယ်"

"အချိန်တွေသာနောက်ပြန်ဆုတ်လို့ရခဲ့မယ်ဆိုရင် ကျွန်တော်ဒီဘဝအနေနဲ့မွေးဖွားမလာဘဲတခြားဘဝနဲ့မွေးဖွားလာဖို့ကြိုးစားနေခဲ့မိမယ်ထင်တယ် အသားကတော့ဖြူတဲ့အထဲပါပြီး အရပ်ကတော့ 179 cm ရှိပါတယ်"

အဖြေတွေကတိတိကျကျတွေမဟုတ်ဘဲ ဘာလို့ဒီလိုတွေပဲမရေမရာတွေဖြစ်နေရတာလဲ

အဓိပ္ပာယ်ဖော်လို့မရခဲ့တော့ ကျွန်တော့်ရဲ့အမေးတွေကို ဖြေသလိုလိုနဲ့ပဟေဋ္ဌိပြန်လုပ်ပေးသွားတဲ့ Yuta ကိုနောက်တစ်ခေါက်စိတ်ဆိုးပြီးအပြစ်တင်မိတယ်။

ရှုံ့မဲ့မဲ့နဲ့မှတ်စုစာအုပ်ထဲမှာမှတ်လိုက်ပြီး အားမလိုအားမရတဲ့စာအုပ်ကိုပိတ်ချလိုက်တယ်။

"ဘယ်လိုလူကြီးလဲမသိဘူး ဘာတွေဖြေပေးမှန်းမသိဘူး"

ကျွန်တော်ပွစိပွစိလုပ်လိုက်မိသေးတယ်

"ဟဲ့ Win Win ရေရရရရ နင့်အဒေါ်အိမ်ကိုဖက်ထုပ်တွေဘယ်တော့သွားပို့မှာလဲ?"

အပြင်ဘက်ကအမေ့အသံကြောင့်ကျွန်တော်ဆတ်ခနဲမတ်တပ်ရပ်လိုက်ပြီးအခန်းတံခါးကိုဆောင့်ဖွင့်လိုက်မိတယ်

I'll Sleep Beside You Unde poveștirile trăiesc. Descoperă acum