Unicode (zawgyi below)
Yuta's POV
"Yuta San"
ကျွန်တော့်ဘေးကခေါ်သံတစ်ခုကိုပြုလုပ်ခဲ့တဲ့ နားမလည်တဲ့ရုပ်လေးနဲ့ကောင်လေး
ကျွန်တော်တို့အရှေ့မှာခဏလေးရပ်ပြီးထွက်သွားတဲ့ bus ကား
"ကျွန်တော်တို့ဘယ်တွေရောက်နေပြီလဲ"
"Sounkyo"
သူနားမလည်လည်းနားမလည်ချင်စရာပါ
ရထားစီးပြီး Hokkaido ကိုရောက်လာတယ် ပြီးတော့ bus ကား ၂ ဆင့်ထပ်စီးတယ်
ကျွန်တော့်နောက်ကနေသာတကောက်ကောက်လိုက်လာရတာ သူ့ခမျာဘယ်ရောက်နေမှန်းမသိအောင်ကိုနားမလည်ဖြစ်နေပြီ
"ဟမ်?! hokkaido ကိုလာတာဆို?"
"အေး Sounkyo က Hokkaido ထဲမှာရှိတာ"
ကျွန်တော်ကသူ့ကိုအဖတ်မလုပ်ဘဲရှေ့ကနေဆက်လျှောက်သွားပေမယ့် သူကကျွန်တော့်နောက်ကနေဆက်လိုက်လာတယ်
၃ နှစ်ကျော်သွားလည်း ၊တစ်ယောက်တည်း နေလည်းတစ်ယောက်တည်းနဲ့နေသားကျလာတဲ့ကျွန်တော့်အတွက်တော့ နောက်ကျောမှာလူတစ်ယောက်ရှိနေတာဟာ ထူးဆန်းတဲ့ခံစားချက်အဖြစ်ခံစား
တယ်
ဒီထူးဆန်းတဲ့ခံစားချက်ဟာ ပျော်ရွှင်မှုလား ကျွန်တော်မသဲကွဲချိန်မှာ.....
နွေးခနဲဖြစ်သွားတဲ့ရင်ထဲ တစ်ခုခုရိုက်ခတ်သွားသလိုခံစားလိုက်ရတယ်
ဒါပေမယ့် ကျွန်တော်သူ့ကိုနောက်လှည့်မကြည့်ခဲ့ဘူး
မိနစ် ၂၀ လောက်လမ်းလျှောက်ပြီးတော့ လမ်းညွှန်ဆိုင်းဘုတ်လေးတစ်ခုကိုကျွန်တော်တွေ့လိုက်ရတယ်။
"Kurodake တောင်သို့"
ထိုဆိုင်းဘုတ်လေးညွှန်ထားတဲ့လမ်းအတိုင်းကျွန်တော်ဝင်သွားလိုက်တယ်။
လက်ကျန်လူ့ဘဝ ရက်တစ်ရာကျော်မှာကျွန်တော် ကျွန်တော့်နှလုံးသားကို သာယာမှုထဲမြှုပ်နှံဖို့ကြိုးစားလိုက်ချိန်မှာ ကျွန်တော်မခံစားဖူးတဲ့ ကြည်နူးမှုတွေကိုရှာဖွေခဲ့တယ်။ ခရီးထွက်ပြီး ရှုခင်းတွေခံစားရင်း တောင်တက်တာတွေလည်း ကျွန်တော့်နှလုံးသားကခံစားလာတတ်တယ်။ အရင်ကအလုပ်တွေရှုပ်ပြီး အပိုအလုပ်တွေဘို့ခေါင်းစဉ်တပ်ပြီး မြည်းစမ်းဖို့ဥပေက္ခာပြုခဲ့တဲ့ သာယာမှုတွေပေါ့....
YOU ARE READING
I'll Sleep Beside You
FanfictionThis fic is written in both Unicode and Zawgyi Unicode ကျွန်တော်ကသူ့ကိုချစ်တယ် သူကကျွန်တော့်ကိုအဝေးကနေပဲချစ်ချင်တယ် ကျွန်တော်ကသူ့အတွက်စွန့်စားတယ် သူကကျွန်တော့်ကို အဝေးကိုတွန်းထုတ်တယ် ကျွန်တော်ကသူ့အတွက်မိုက်ရူးရဲဆန်တယ် သူကကျွန်တော့်ကိုနာကျင်မှုတွေနဲ...