Unicode (zawgyi below)
Win Win's POV
ကျွန်တော့်ရဲ့အမြင်အာရုံတွေပွင့်လင်းလာချိန်မှာ ကျွန်တော်က သူနဲ့အိပ်ရာတစ်ခုတည်းမှာအိပ်နေခဲ့တယ်
သူ့ရဲ့လက်မောင်းဟာကျွန်တော့်ခေါင်းအုံးဖြစ်ခဲ့ပြီး သူ့ရဲ့နောက်လက်တစ်ဖက်ကကျွန်တော့်ကိုဖက်ထားတယ်
သူနဲ့ကျွန်တော်ကအနီးဆုံးအနေအထားမှာရှိနေကြပြီးသူ့ရဲ့ ထွက်သက်နွေးနွေးတို့ကကျွန်တော့်ပါးပြင်ကိုလာရိုက်ခတ်နေတယ်
ကျွန်တော်နိုးပေမယ့်သူအိပ်နေတုန်း
သူကျွန်တော့်ကြောင့်မနိုးအောင် အသာလေးသူ့လက်မောင်းပေါ်ကထလိုက်တယ်
ကျွန်တော့်ရဲ့ကိုယ်ပေါ်ကသူ့လက်ကိုဖြည်းဖြည်းချင်းဖယ်လိုက်တယ်
ဒီနေ့ကျမှသူသိပ်ကိုပင်ပန်းနေတဲ့ပုံပါပဲ
တော်တော်နဲ့မနိုးနိုင်သေးတဲ့သူ့ကို ကျွန်တော်ကုတင်ဘေးဘက်မှာဒူးထောက်ထိုင်ရင်းအနီးကပ်ကြည့်နေမိတယ်
သူသာကျွန်တော့်ဘေးကထွက်သွားခဲ့ရင်....
ကျွန်တော်ဒီမြေပြင်မှာဘယ်လိုရပ်တည်ရမလဲ??
ကျွန်တော်နောင်တမရှိဘဲတွေးလိုက်မိတယ်
သူပြောခဲ့ပါသေးတယ်
ကျွန်တော်သာသူ့ဘေးမှာနေမယ်လို့ဆုံးုဖတ်လိုက်ရင် သူမရှိတော့တဲ့အခါ သိပ်ကိုနာကျင်ရမယ်တဲ့
ဘာ့ကြောင့်မချစ်နိုင်လဲမေးတော့ သူကဒီလိုနာကျင်မှုတွေပေးမယ့်သူမဟုတ်လို့ အဝေးကိုတွန်းပို့နေခဲ့တာတဲ့
သူဒီလောက်ပြောနေတာတောင်မှ ကျွန်တော်ဆက်ပြီးစွန့်စားခဲ့သေးတယ်
အဆုံးစွန်ထိစွန့်စားခဲ့တာ
သူ့ကို သေမင်းရဲ့အမိန့်နဲ့ကျွန်တော့်ရဲ့အချစ်နဲ့အားပြိုင်ပြီးလုယူမယ်ဆိုပြီး စွန့်စားခဲ့တယ်
ကျွန်တော့်ရဲ့စွန့်စားခန်းတွေနီးကပ်လာသလိုခံစားလာရတယ်။ သူ့စားပွဲပေါ်က Countdown ဂဏန်းလေးတွေက ၂ လုံးပဲရှိတော့တယ်လေ...

YOU ARE READING
I'll Sleep Beside You
FanfictionThis fic is written in both Unicode and Zawgyi Unicode ကျွန်တော်ကသူ့ကိုချစ်တယ် သူကကျွန်တော့်ကိုအဝေးကနေပဲချစ်ချင်တယ် ကျွန်တော်ကသူ့အတွက်စွန့်စားတယ် သူကကျွန်တော့်ကို အဝေးကိုတွန်းထုတ်တယ် ကျွန်တော်ကသူ့အတွက်မိုက်ရူးရဲဆန်တယ် သူကကျွန်တော့်ကိုနာကျင်မှုတွေနဲ...