I'll Sleep Beside You Ch-7

337 46 0
                                    

Unicode (zawgyi below)

Yuta's POV

ကျွန်တော်တောင်ပေါ်ကနေ မြေပြင်ကိုခြေချလိုက်တော့ ကျွန်တော့်ကျောပေါ်ကနေ Win Win ကဆင်းလိုက်တယ်

အမလေး

သေရချည်ရဲ့

တောင်ပေါ်ကပြန်ဆင်းတာတောင်မှပဲ သူ့ကိုကုန်းပိုးလာရတာ

ဒူးတွေပါချောင်ပြီထင်ရတယ်

ပိုဆိုးတာက အဆင်းမှာကုန်းပိုးထားရတာကိုပဲ

အတက်မှာကူန်းပိုးရတာသိပ်ပြဿနာမရှိဘူး

အဆင်းဆိုတော့ ဒီအတိုင်းခြေလှမ်းလိုက်ရင်တောင်မှ အရှိန်နဲ့သွားနေတာ

သူ့ကိုပါကျောပေါ်ထမ်းထားရတော့ သူကကျွန်တော့်ကိုဖိတွန်းထားသလိုဖြစ်ပြီး ခြေလှမ်း ၅ လှမ်းလောက်ကိုအဆက်မပြတ်လှမ်းလိုက်ရင်ကိုပဲ အရှိန်ကမထိန်းနိုင်ဘဲ ငိုက်ကျလာလို့ ဖြည်းဖြည်းချင်းဆင်းရတယ်။ မဟုတ်ရင် သူရော ကျွန်တော်ရော တောင်ပေါ်ကနေဒလိမ့်ကောက်ကွေးကျတော့မှာမြင်ယောင်နေပါရဲ့

မနေ့ကဆေးထည့်ထားပေးတယ်လေ ဆိုပြီးဆေးထည့်ပေးတာကို စေတနာကောင်းလေးလုပ်ပြီး ဥပေက္ခာပြုပြီးတစ်ယောက်တည်းဆင်းရအောင်လည်း သူက တစ်လှမ်းချင်းကိုထိန်းဆင်းနေတာမြင်ရပြန်တော့....

မနေနိုင်လို့ကျောပေါ်တင်ရပြန်တယ်

ကျွန်တော့်ရဲ့တစ်ယောက်တည်းလွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်းဆိုတဲ့ခရီးလေး...

သူ့ကြောင့်..

"သူ့ကြောင့်" ဆိုပြီးလည်းအပြစ်မတင်ချင်ပါဘူး

အဲ့အပြစ်တင်နေတာနဲ့ပဲပိုစိတ်ဒုက္ခရောက်ရတယ်

"Yuta San"

"ဟာာာ သေတော့မယ် မခေါ်နဲ့ငါ့ကို မင်းခေါ်တာငါပြန်မထူးနိုင်သေးဘူး အမောစို့လို့သေတော့မယ်"

ကျွန်တော်ကိုယ့်ဒူးကိုယ်လက်နှစ်ဖက်နဲ့ထောက်ပြီး အမောလွန်နေတာကိုမြင်ရတဲ့ Win win ကအိတ်လေး ၂ လုံးကိုကိုင်ထားရင်း ဘေးကနေအသံတောင်မထွက်ဘဲငေးကြည့်နေတယ်

အင်း

အဲ့လိုသနားကမားရုပ်လေးနဲ့ သနားကမာပုံရိပ်လေးတွေသူသိပ်လုပ်ပြတတ်တယ်

I'll Sleep Beside You Wo Geschichten leben. Entdecke jetzt