Unicode (zawgyi below)
Win Win's POV
ထိုကောင်လေးခေါ်ဆောင်ရာနောက်ကိုကျွန်တော်လိုက်သွားတော့ ကျွန်တော့်ကိုတာဝန်ရှိတဲ့လူတစ်ယောက်နဲ့ပေးတွေ့တယ်
စားပွဲမှာထိုင်နေတဲ့တာဝန်ရှိပုဂ္ဂိုလ်လို့ယူဆရတဲ့လူကြီးကကျွန်တော်အခန်းထဲကိုဝင်လာတော့ကြောင်တောင်တောင်နဲ့ကြည့်ရင်း ထိုင်ရာကထလာတယ်။ အင်းလေ ကျွန်တော့်ပုံစံကိုလည်းကြည့်ပါဦး ခရီးဆောင်အိတ်ကြီးနဲ့ လွယ်အိတ်တစ်လုံးနဲ့။ ကျွန်တော့်မှာလည်းတစ်ယောက်တည်းမပေါ့မပါးတွေကိုဖြစ်လို့
Osaka ကိုရောက်ရောက်ချင်းကိုယ်တည်းမယ့် hotel ကိုမစုံစမ်းမရှာဖွေဘဲနဲ့ ကျွန်တော့်ကိုမသိတဲ့ ကျွန်တော်ကမမြင်ဖူးတဲ့ လူတစ်ယောက်ကိုအရူးအမူးရှာဖွေနေခဲ့တယ်။ ကျွန်တော်လုပ်နေတဲ့အရာတွေအားလုံးကစမ်းတဝါးဝါးနဲ့ကြောင်စီစီနိုင်လွန်းတယ်မဟုတ်လား
"ဘာကူညီပေးရမလဲခင်ဗျ"
ထိုလူကြီးကကျွန်တော့်ကိုကြောင်တောင်တောင်ကြည့်နေတဲ့အကြည့်ကိုမဖျောက်ဘဲနဲ့မေးလာတယ်
ကျွန်တော်လည်းပြာပြာသလဲနဲ့အိတ်ထဲထည့်လာတဲ့ Manga စာအုပ်ကိုထုတ်လိုက်ပြီး
"ဒီ author ရဲ့လိပ်စာလေး ကျွန်တော်သိလို့ရမလား"
"hahah မင်းနောက်လည်းနောက်တတ်တယ်နော်"
ထိုလူကကျွန်တော့်ကိုလှောင်ရယ်ရယ်လိုက်ပြီး ပျက်ချော်ချော်စကားတွေပြောလာတယ်
"Yuta San ကိုငါတို့ကမြင်ပဲမြင်ဖူးတာ အိမ်လိပ်စာတော့ဘယ်သိမလဲကောင်လေးရ"
"ဦးလေးရယ် သေချာစဉ်းစားကြည့်ပါဦး သူ့ဆီကိုစာအုပ်မူကြမ်းတွေပို့ရတာပဲဖြစ်ဖြစ် သွားယူရတာပဲဖြစ်ဖြစ် အဲ့လိုမျိုးတွေမရှိခဲ့ဘူးလား"
"သူကအဲ့လိုမရှိအောင် တစ်ခါလာတိုင်းရှိသမျှကိစ္စအကုန်လုပ်သွားတတ်လို့ပဲ ဒါနဲ့မင်းက.. သူနဲ့ဘာတော်လဲ"
ထိုလူကြီးရဲ့မေးခွန်းအောက်မှာ ကျွန်တော်လျှာလိပ်သွားရတဲ့အဖြေတစ်ခုဖြစ်ထွန်းခဲ့တယ်
ဘာတော်လဲတဲ့
ဟငိ့အင်း
ဘာမှမတော်ပါဘူး

YOU ARE READING
I'll Sleep Beside You
FanfictionThis fic is written in both Unicode and Zawgyi Unicode ကျွန်တော်ကသူ့ကိုချစ်တယ် သူကကျွန်တော့်ကိုအဝေးကနေပဲချစ်ချင်တယ် ကျွန်တော်ကသူ့အတွက်စွန့်စားတယ် သူကကျွန်တော့်ကို အဝေးကိုတွန်းထုတ်တယ် ကျွန်တော်ကသူ့အတွက်မိုက်ရူးရဲဆန်တယ် သူကကျွန်တော့်ကိုနာကျင်မှုတွေနဲ...