I'll Sleep Beside You Ch-12 (Final Part)

808 78 10
                                    

Unicode (zawgyi below)

Yuta's POV

မဖြစ်နိုင်တာတွေလည်းဆုတောင်းပြီးပြီ

မဟုတ်တာတွေလည်းမှန်းခဲ့ပြီးပြီ

နေရာအနှံ့လည်းသွားခဲ့ကြပြီးပြီ

မျက်ရည်တွေနဲ့လည်းပျော်ခဲ့ပြီးပြီ

ဘာတွေလုပ်ဖို့ကျန်သေးလဲ

ကျွန်တော်သူ့ဘေးရှိနေတဲ့အချိန်လေးမှာ သူ့ကိုစိတ်ပျော်စေမယ့်အရာတွေလုပ်ပေးဖို့ဘာကျန်နေသေးလဲ

သူကတော့ကျွန်တော့်ဘေးမှာပြုံးပြုံးနဲ့အမြဲလိုက်နေတာပဲ

တစ်ခါတစ်ရံမှာ ကျွန်တော်မရှိရင်နေတတ်ဖို့သင်ပေးမိတဲ့အချိန်ကလွဲလို့ပေါ့ အဲ့အချ်န်တွေကျရင် သူ့နှုတ်ခမ်းတွေကလှုပ်ရှားမှုမရှိဘဲငြိမ်ပြီး မျက်ဝန်းအိမ်တွေသာတုန်ခါလာတတ်လို့လေ

ဒီလိုအမူအရာတွေကိုကျွန်တော်မမြင်ချင်ပေမယ့် ကျွန်တော့်ရဲ့ကံကြမ္မာနဲ့ရှေ့ဖြစ်အမှန်တရားတွေက ကျွန်တော်ချစ်တဲ့သူကိုပျော်အောင်ထားခွင့်မပေးခဲ့ဘူး

အထီးကျန်မှုတွေနဲ့နေသားကျနေခဲ့တဲ့ကျွန်တော့်ဘဝထဲကိုသူဝင်လာလို့ ကျွန်တော်သူ့ကိုချစ်ဒေါသနဲ့အပြစ်တင်မိတယ်

ဒီလောကထဲကနေထွက်သွားရမယ့်နေ့ရက်ကိုတစ်ယောက်တည်းရေတွက်ရင်းရှင်သန်နေတဲ့ဘဝထဲကို သူဝင်လာတာဟာလည်း ကံကြမ္မာကကျွန်တော့်ကိုထပ်ဆင့်ရက်စက်တာပဲဖြစ်တယ်

ကျွန်တော့်ကိုတင်မက ကျွန်တော်ချစ်တဲ့ သူ့ ကိုပါနှိပ်စက်ပြန်တယ် မျက်ရည်တွေနဲ့ နာကျင်မှုတွေနဲ့ မမြင်ရတဲ့စိတ်ပူမှုတွေနဲ့ အမျိုးမျိုးနှိပ်စက်စေခဲ့တယ်

သေမယ့်ရက်ကိုတွက်နေရပေမယ့် သေရမှာမကြောက်တဲ့ကျွန်တော့်ဆီသူလာခဲ့ပြီးတဲ့နောက်မှာ တဖြည်းဖြည်းနဲ့ လောကကနေထွက်ခွာသွားရမှာကိုကြောက်လာခဲ့တယ်

သေရမှာကိုကြောက်လာတာမဟုတ်ဘဲ သူနဲ့ဝေးရမှာကိုကြောက်လာခဲ့တာပဲဖြစ်တယ်

လွတ်လွတ်လပ်လပ်ထွက်သွားခွင့်မပေးဘဲ သံယောဇဉ်ကြိုးတန်းနေခဲ့လို့နောက်ဆံတင်းနေရမယ့် လူတစ်ယောက်ကျွန်တော့်ဘဝရဲ့လက်ကျန်ရက်ပိုင်းလေးမှာရှိနေခဲ့တယ်

I'll Sleep Beside You Tempat cerita menjadi hidup. Temukan sekarang